ကြက်သွန်နီနွှာရင် မျက်စိစပ်တာတော့သိတယ်။ ဒါပေမယ့် သူ့အနေနဲ့ ကျန်းမာရေးကို အဖက်ဖက်က အကျိုးပြုနေတာတော့ ကောင်းကွက် တစ်ခုရှိပါတယ်။ ဆံပင်ကျွတ်တဲ့သူတွေတောင် ကြက်သွန်နီနဲ့ ပွတ်ပေးရင် သိသိသာသာပြန်ပေါက်လာစေတယ်။ ဒါနဲ့ ကြက်သွန်နီစားပေးရင် မှတ်ဉာဏ်ကောင်းစေတယ် ဆိုတာရောသိကြပြီးပြီလား။ Hokkaido Tokai လို့ခေါ်တဲ့ ဂျပန်တက္ကသိုလ်တစ်ခုက မှတ်ဉာဏ်အားနည်းသူတွေ အလွှာပါတဲ့ ဟင်းသီးဟင်းရွက် စားပေးခြင်းဖြင့် မှတ်ဉာဏ်ကို အားဖြည့်ပေးတယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အထူးသဖြင့် ဦးနှောက်အမြှေးပါးရောင်ရောဂါရှင်တွေအတွက် ဒီရှာဖွေတွေ့ရှိမှုက အင်မတန် အရေးပါနေပါတယ်။ကြက်သွန်နီထဲပါဝင်တဲ့ Antioxidant ပစ္စည်းဟာ ဦးနှောက်ထဲရှိ အဆိပ်တွေနဲ့ရောပြီး ထိုအဆိပ်တွေကို ချေဖျက်တိုက်ခိုက်ပေးပါတယ်။ကြက်သွန်ဖြူ၊ ကြက်သွန်နီ အပါအဝင် ကြက်သွန်အနွယ်ဝင်တွေ အားလုံးမှာ ဆာလဖာ ဒြပ်ပေါင်းပါဝင်ပါတယ်။ ဆာလဖာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ အသက်ကြီးပိုင်းမှတ်ဉာဏ်ချွတ်ယွင်းမှုရောဂါတွေကို သက်သာလျော့နည်းစေပါတယ်။

ဒါပေမယ့် အကျက်လွန်တဲ့ ကြက်သွန်နီ တစ်နည်းအားဖြင့် မီးပြင်းပြင်းနဲ့ ချက်ထားတဲ့ ကြက်သွန်နီတွေမှာတော့ အဲ့ဒီ့ကုသနိုင်စွမ်းမရှိတော့ပါဘူး။
ဒါကြောင့် မီးနည်းနည်းနဲ့ ချက်ပြုတ်စားသုံးခြင်းက ပိုသင့်တော်ပါတယ်။မကြာသေးမီက ထုတ်ပြန်တဲ့ ပြင်သစ်သုတေသနမှတ်တမ်းထုတ်ပြန်ချက်ကတော့ ရောင်ခြယ်ပစ္စည်းစားသုံးမှုမြင့်မာခြင်းက အသက်ကြီးပိုင်း ဦးနှောက်ချွတ်ယွင်းမှုကို သက်သာစေတယ်လို့ဖြစ်ပါတယ်။

ကြက်သွန်နီမှာ ပါဝင်တဲ့ Quercetin လို့ခေါ်တဲ့ရောင်ခြယ်ပစ္စည်းက ပန်းသီး၊ လက်ဖက်ရည်တွေမှာထက် ပါဝင်နှုန်းပိုများတယ်လို့သိရပါတယ်။ဒီ့အပြင် ကြက်သွန်နီတွေက အအေးမိတာ၊ နှာစေးချောင်းဆိုးရောဂါ အပြင် နှလုံးရောဂါတွေပါပျောက်ကင်းစေတယ်လို့သိရပါတယ်။