တစ်နေ့ကို ငှက်ပျောသီး ၃ လုံးစားပေးတာဟာ ကောင်းသလား ဆိုးသလား။ အင်္ဂလိပ်နဲ့ အီတလီက သံပ္ပံပညာရှင်တွေက ငှက်ပျောသီးကို မနက် တစ်လုံး၊ နေ့လည် တစ်လုံး၊ ည တစ်လုံး စားပေးတာဟာ ဦးနှောက် နှလုံးနဲ့ ခါးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်တဲ့။

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပိုတက်ဆီယမ်ဓါတ်ကို အလုံအလောက်ပေးနိုင်ပြီး လေဖြတ်ရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

bananas-main

ဒါ့အပြင် သွေးတိုးရှိသူတွေအတွက်လည်း သွေးပေါင်ချိန်ကို ပုံမှန်ထိန်းပေးနိုင်ပါတယ်။

ငှက်ပျောသီးရဲ့ တခြားအကျိုးကျေးဇူးများ

banana-amazing-fruit-and-cure1

ပိုတက်ဆီယမ်ဓါတ်အပြင် ဗီတာမင်B6 မဂ္ဂနီဆီယမ် အမျှင်ဓါတ်နဲ့ ဗီတာမင် C စတဲ့ဓါတ်တွေပါဝင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

bananasmoothi_020515

ငှက်ပျောသီးမှာ ကယ်လိုရီ အနည်းငယ်တော့ပါဝင်ပါတယ်။ ဒါပေမဲ့ ဒါဟာ ခန္တကိုယ်အတွက်လိုအပ်ပါတယ်။ ဒါ့အပြင် ခန္တာကိုယ့်ကိုကျစ်လျစ်သန်မာစေလို့ အာကစားသမားတွေ အ
ဓိကစားသုံးကပါတယ်။

နောက်ထပ်အကျိုးကျေးဇူးတွေကတော့

banana

စိတ်ဖိစီးမှုကို လျှော့စေတယ်။

သွေးဖိအားကို ပုံမှန်ဖြစ်စေတယ်။

ဝမ်းချုပ်မှုကို ကုသပေးတယ်။

အရက်အလွန်အကျွံသောက်ပြီး အရက်နာကျတာကို ကုသပေးနိုင်တယ်။

အရိုးကို သန်မာစေတယ်။

သွေးအားနည်းရောဂါကို ကုသပေးတယ်။