အရောင်အသွေးစုံလင်တဲ့အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များတွင် Antioxidant အစုံအလင်ပေါင်းစပ်ပါဝင်တာကြောင့် ရေဒီယိုသတ္တိလှိုင်းများကြောင့် ဖြစ်ပေါ်လာတဲ့ ဦးနှောက်ဆဲလ်များပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဦးနှောက်နှင့်ဆက်စပ်နေသည့် တွေးခေါ်မှုနှင့် စိတ်ခံစားမှုအတွက် အလွန်အရေးပါသော အကျိုးကျေးဇူးများကိုလည်း  ဖြစ်ပေါ်စေနိုင်ပါတယ်။

ငါးစားပေးပါ။

အိုမီဂါသရီးဖက်တီးအက်စစ် အထူးသဖြင့် DHA သည် ကျန်းမာကြံ့ခိုင်သည့်ဦးနှောက်အတွက် အလွန်အထောက်အကူဖြစ်စေပါတယ်။ ဆော်လမွန်၊ ဆာဒင်းငါး၊ မက်ကရယ်ငါးတို့ကဲ့သို့ အဆီများသည့် အသားကို တပတ်လျှင်တကြိမ်စားသုံးခြင်းသည် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျော့နည်းစေနိုင်ပါတယ်။

ချောကလက်

ချောကလက်တွင်ပါဝင်သည့် အချိုဓာတ်သည် ဦးနှောက်ဆဲလ်သစ်များဖြစ်ပေါ်မှုကို အထောက်အပံ့ဖြစ်စေကာ ဦးနှောက်မှတ်ဉာဏ်နှင့် တွေးခေါ်နိုင်စွမ်းကို ဆုတ်ယုတ်စေနိုင်သော ရောဂါများဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဂျုံ၊ပြောင်း များ

ဦးနှောက်ကအဓိကလိုအပ်သည့် ဖြည့်တင်းစာတစ်ခုမှာ ဂလူးကို့စ်ဖြစ်ပြီး လုံလောက်သည့်ပမာဏမရရှိပါက ဦးနှောက်အငွေ့ရိုက်ကာ အာရုံစူးစိုက်ဖို့အခက်အခဲရှိလာနိုင်ပါတယ်။

ကော်ဖီ

ကဖင်းဓာတ်သည် အသက်အရွယ်အလိုက် သိမြင်နိုင်စွမ်းအားကျဆင်းလာမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ကော်ဖီသောက်သုံးပေးခြင်းသည် ကျန်းမာရေးကို တဖက်တလမ်းမှ ထောက်ပံ့ပေးနိုင်သော်လည်း ကဖင်းဓာတ်ပါဝင်သည့် ဖြည့်စွက်စာများကိုသုံးစွဲခြင်းသည် ကဖင်းဓာတ်အားလုံးကို တချိန်တည်းနှင့် ဖုံးလွှမ်းသွားစေနိုင်သောကြောင့်ဖြစ်ပါတယ်။