တရုတ် နံနံပဲဖြစ်ဖြစ် မြန်မာနံနံပဲဖြစ်ဖြစ် ဟင်းလျာတွေမှာ ထည့်ပြီး စားသုံးကြပါတယ်။ နံနံမှာ တခြား ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဓာတ်တွေ အများကြီး ရှိနေပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး

နံနံမှာ Phthalides, Flavoids နဲ့ Polyacetylenes ဓာတ်တွေပါဝင်ပြီး ဒါတွေဟာ ကင်ဆာရောဂါကို တိုက်ဖျက်တဲ့ ဓာတ်တွေဖြစ်ပါတယ်။ နံနံမှာပါဝင်တဲ့ Antioxidants တွေက ဆဲလ်ပျက်စီးမှုတွေကိုကာကွယ်ပေးပြီး၊ Free Radicals တွေကို ကင်ဆာဖြစ်စေတဲ့အဆင့် အထိ မရောက်အောင် ကာကွယ် ထိန်းညှိပေးပါတယ်။

နှလုံးကျန်းမာရေးကို ကာကွယ်ပေး

heart-disease-03

နံနံမှာ Antioxidants ပေါင်းများစွာနဲ့ Anti-Inflammatory Properties များစွာ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ တရုတ်နံနံမှာပါဝင်တဲ့ Phytonutrients တွေက ဆဲလ်တွေ ပျက်စီးတာတွေနဲ့ နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်တွေကို ကာကွယ် လျော့ချပေးပါတယ်။ နံနံမှာပါဝင်တဲ့ Phthalides တွေက ကြွက်သားတွေကို ပျော့ပြောင်းစေတာကြောင့် သွေးကြောတွေကို မပိတ်အောင်လုပ်ဆောင်ပေးနိုင်တာကြောင့် ကျန်းမာတဲ့ သွေးပေါင်ချိန်ကို ရရှိအောင်ကူညီပေးပါတယ်။

အစာခြေစနစ်ကို အားကောင်းစေ

digestive-system-04

နံနံမှာ ရေဓာတ်တွေ အမျှင်ဓာတ်တွေ များစွာပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ သူ့မှာ အစာခြေစနစ်ကို ထောက်ပံ့ပေးတဲ့ Pectin ဓာတ်တွေလည်းပါဝင်ပါတယ်။ အစာအိမ် ယောင်တာ၊ အစာအိမ် အချဉ်ပေါက်တာ စတဲ့ အစာအိမ်ရောဂါတွေကိုလည်းသက်သာစေပါတယ်။

မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချပေး

နံနံမှာ Butylphthalide ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်နဲ့ မသင့်လျော်တဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း လျော့ချပေးပါတယ်။ ချီကာကို တက္ကသိုလ်ရဲ့ လေ့လာစမ်းသပ်ချက်အရ တစ်နေ့ကို တရုတ်နံနံ ၂ပင် စားပေးရင် LDL ကိုလက်စထရော ၇ ပွိုင့်လောက် လျော့ချပေးတယ်လို့ ပြောပါတယ်။