ဖရုံစေ့မှာ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။

ဖရုံစေ့တွေကု ဒီအတိုင်းဘဲ စားရင်ဖြစ်ဖြစ် လှော်ပြီးစားရင်ဖြစ်ဖြစ် စားသုံးလို့ရပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်

ဖရုံစေ့မှာ ဟော်မှုန်းတွေကို ထိန်းညှိနိုင်တဲ့ ဓာတ်တွေ၊ ကင်ဆာဆဲလ်တွေဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ Antioxidants ဓာတ်တွေ အများကြီးပါဝင်ပါတယ်။

ဗရုံစေ့မှာ ပါဝင်တဲ့ ဇန့်ဓာတ်တွေ၊ Antioxidants နဲ့ ဗီတာမင် E တို့က ဆဲလ်တွေပျက်စီးမှုနဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးစေပါတယ်။

သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေး

ဖရုံစေ့တွေက သွေးအတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။

အရိုးပွမှုကို ကာကွယ်ပေး

ဖရုံစေ့မှာ သတ္တုဓာတ်၊ ဇန့်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တို့ပါဝင်တာကြောင့် အရိုးပွမှုကို ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်ကို လျော့ချပေး

ပရိုတင်းဓာတ်၊ အမျှင်ဓာတ်တွေပါဝင်တာကြောင့် ဖရုံစေ့ လက်တစ်ဆုပ်စာလောက်စားထားရင် ဗိုက်ပြည့်နေသလို ခံစားရမှာပါ။