မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သုတေသန အရ တစ်နေ့ကို သစ်ချသီး လက်တစ်ဆုပ်စာလောက် စားပေးရင် နှလုံး ရောဂါကို ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

သစ်ချသီး ၅ လုံးစားပြီး ၄ နာရီကြာတဲ့အခါမှာ သွေးအတွင်း ကိုလက်စထရောဓာတ် ကျဆင်းလာပြီး သွေးကြောနံရံတွေကလည်း ပျော့ပျောင်းနေတာကို တွေ့ခဲ့ရပါတယ်။

landscape-1445720571-g-heart-disease-168832618

သုတေသနမှာ ပါဝင်တဲ့ Dr. Penny Kris Etherton က “တစ်နေ့ကို သစ်ချသီး လက်တစ်ဆုပ်စာလောက်ဘဲ ၄ ရက် ဆက်တိုက်စားပေးရင် နှလုံးရောဂါဖြစ်ပွားနိုင်ချေကို ကျဆင်းစေတယ်”လို့ ဆိုပါတယ်။

သစ်ချသီးကို အရင်ခေတ်အဆက်ဆက်ကလည်း တခြား ကျန်းမာရေးကောင်းကျိုးတွေကြောင့် အသုံးပြုခဲ့ကြပါတယ်။

ရောမ တို့က သစ်ချသီးက လိင်စွမ်းဆောင်မှုကို ကောင်းစေတယ်လို့ ယုံကြည်ကြပြီး အခုမှ လက်ထပ်ပြီးသူတွေကို သစ်ချသီးတွေ ကြဲပက်ပေးလေ့ရှိပါတယ်။

ရှေးခေတ် အင်္ဂလိပ်တွေက သစ်ချသီးကို စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ကုသတဲ့အခါမှာ အသုံးပြုကြပါတယ်။

သစ်ချသီးမှာ ဦးနှောက်ကိုခေါင်းစေတဲ့ ကွန်ပေါင်း၊ ဗီတာမင် E ၊ ဖောလစ်၊ Melatonin၊ Omega 3 Fats နဲ့ Antioxidants တို့ပါဝင်ပါတယ်။