စွံပလွန်သီး ၃လုံးက ကျန်းမာရေးအတွက် အရမ်းအကျိုးကျေးဇူးရှိပါတယ်။ စွံပလွန်သီးက အခုမှ လူတွေစားသောက်ကြတာမဟုတ်ပါဘူး။ စွံပလွန်သီးကို ၇၀၀၀ ဘီစီလောက်က လူတွေ စတင်စားသုံးခဲ့တယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

စွံပလွန်သီးကို အရှေ့အလယ်ပိုင်းမှာ အဓိက အစားအစာအဖြစ် လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာက စားသုံးခဲ့ကြပါတယ်။

စွံပလွန်သီးမှာ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေနဲ့တခြား ကျန်းမာရးအတွက်ကောင်းတဲ့ Phytonutrients ဓာတ်တွေအများကြီးပါဝင်ပါတယ်။

အဲ့ဒီအပြင် ကော့ပါး၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆိယမ်၊ ဗီတာမင် B6 စတာတွေလည်းပါဝင်ပါတယ်။

စွံပလွန်သီးကို တစ်နေ့ကို ၃လုံး စားရင်

စွံပလွန်သီးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ အများကြီးပါဝင်တယ်လို့ ၂၀၀၃ ခုနှစ်က ပြုလုပ်ခဲ့ပြီး International Journal of Food, Sciences and Nutrition မှာ ရေးသားထားပါတယ်။

အဲ့ဒီသုတေသနရဲ့ရလဒ်အရ စွံပလွန်သီးမှာ အားကောင်းတဲ့ ကင်ဆာ ကာကွယ်နိုင်တဲ့ ဓာတ်တွေ၊ ကိုယ်ခံအားကောင်းစေတဲ့ ဓာတ်တွေ၊ သတ္တုဓာတ် အမျိုးပေါင်း ၁၅ မျိုးနဲ့တခြား အာဟာရဓာတ်တွေ အများကြီး ပါဝင်ပါတယ်။

အဲ့ဒီအပြင် အမိုင်အက်ဆစ် အမျိုးပေါင်း ၂၃ မျိုးနဲ့ Unsaturated Fatty အက်ဆစ်ဓာတ်တွေလည်းပါဝင်ပါတယ်။

Dates

အားအင်ပြည့်ဝ

စွံပလွန်သီးမှာ စားလိုက်ရင် ချက်ခြင်းအားအင်ပြည့်ဝသွားသလိုခံစားရမှာပါ။ အနည်းဆုံး တော့ တစ်ခါစားရင် ၃ လုံးစားပါ။ ဒါကြောင့် ပင်ပန်းနွမ်းနယ်နေရင် ခွန်အားပြည့်အချိုရည်တွေ စားမယ့်အစား စွံပလွန်သီး ၃လုံးစားပါ။ စွံပလွန်သီးက ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပြီး စွံပလွန်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက အားအင်ပြည့်ဝမှုကို ကြာရှည်ထိန်းပေးထားမှာဖြစ်ပါတယ်။

အစာခြေစနစ်ကို မြှင့်တင်ပေး

စွံပလွန်သီးတွေမှာ အမျှင်ဓာတ်တွေအများကြီးပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပါတယ်။ ဒါကြောင့် ရှေးခေတ်ကလူတွေဆိုရင် ထမင်းစားပြီးရင်စွံပလွန်သီးနဲ့ အချိုတည်းကြပါတယ်။

ဝမ်းလျှောနေရင်လည်း စွံပလွန်သီးစားသင့်ပါတယ်။ အစာခြေစနစ်မှာရှိတဲ့ ဘက်တီးရီးယားတွေကိုလည်း စွံပလွန်သီးက တိုက်ဖျက်ပေးပါတယ်။

ကိုယ်ခံအားကောင်းပြီး အရိုးကိုသန်မာစေ

စွံပလွန်သီးမှာ ကော့ပါး၊ မဂ္ဂနီဆီယမ်၊   Selenium ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အရိုးပွတာ၊ ကင်ဆာ တို့ကို ကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်း

ပိုတက်ဆီယမ် ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်ကောင်းပြီး လေဖြတ်တာကိုလည်း ကာကွယ်ပေးပါတယ်။

အလက်ဂျစ် ရောဂါ သက်သာ

အသားအရေ ယားယံတာ၊ အလက်ဂျစ်ကြောင့် နှာစေးတာတွေအတွက် စွံပလွန်သီးက ကောင်းပါတယ်။