ကားပေါ်မှာ ဒါမှမဟုတ် ရထားပေါ်မှာ လူတွေကိုကြည့်လိုက်ရင် အများစုက နားမှာနားကြပ်တပ်ရင်း နားထောင်နေတာ သတိထားမိကြမှာပါ။ ဒါတွေကတကယ်တော့ အချိန်ကြာလာရင် အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ နားကို မှန်ကန်စွာဂရုစိုက်ခြင်းက နားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် သူတို့ကို ဂရုစိုက်ပါ။။ သင့်နားကို ဂရုစိုက်ဖို့ ပြဿနာတစ်ခုရှိလာတဲ့အထိ မစောင့်ပါနဲ့။

နားကြပ်တပ်ပါ

ဖျော်ဖြေပွဲများ၊ မြက်ရိတ်စက်များ၊ သေနတ်များနဲ့ လေယာဉ်တွေရဲ့ ကျယ်လွန်းတဲ့ဆူညံသံတွေကို ပုံမှန်ထိတွေနေမိရင် အကြားအာရုံဆုံးရှုံးဖို့ကို တဖြည်းဖြည်း ဦးတည်သွားနိုင်ပါတယ်၊။ ဒါကြောင့်
သင့်နားကို ကာကွယ်ဖို့နဲ့ အကြားအာရုံဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်ဖို့ ကျယ်လောင်တဲ့ဆူညံသံတွေနဲ့ ထိတွေ့တဲ့ပတ်ဝန်းကျင်မှာဆို နားကြပ်တပ်ပါ။

Volume ကို လျှော့ပါ

ကျယ်လွန်းတဲ့ သီချင်းသံတွေကို နားထောင်တဲ့အခါ နားစည်နားကိုတိုက်ရိုက်ရောက်တဲ့ နားကြပ်တွေကို အသုံးပြုတာက အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ ဒါမှမဟုတ် ကားပေါ်မှာ သီချင်းနားထောင်တဲ့အခါမျိုးမှာ အကျယ်ကြီးနားထောင်တာမျိုး ရှောင်ကျဥ်သင့်ပါတယ်။

နားကို ခဏနားပေးပါ

ဖျော်ဖြေပွဲများ ၊ ကလပ်များက ပျော်စရာကောင်းတယ်ဆိုပေမယ့် အမြဲသွားတဲ့အခါ ဆူညံတဲ့သီချင်းသံတွေက အကြားအာရုံဆုံးရှုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုပွဲတွေသွားတဲ့အခါ အပြင်ကိုခနထွက်ပြီး မကြာခဏ နားကို အနားပေးပါ။ ပွဲပြီးသွားတဲ့အခါ နားကို ပြန်လည်ကောင်းမွန်လာစေဖို့အနည်းဆုံး တစ်ရက်လောက် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ အချိန်ဖြုန်းကြည့်ပါ။

Cotton Swabs

နားအတွင်းပိုင်းမှာရှိတဲ့ နားဖာချေးတွေကို ဖယ်ရှားဖို့ ဆယ်စုနှစ်တွေကြာအောင် ဝါဂွမ်းစတွေကို အသုံးပြုလာခဲ့ကြပေမယ့် သုတေသီတွေက ဝါဂွမ်းတံတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုပေးနိုင်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ နားဖာချေး‌တွေကို နားထဲ ပိုရောက်အောင် တွန်းပို့နေပြီး အကြားအာရုံပြဿနာများ ဖြစ်နိုင်တဲ့ နားစည်နဲ့ နားတူးမြောင်းကို ပျက်စီးစေပါတယ်။

နားများကို ခြောက်သွေ့အောင်ထားပါ

ရေကူး ရေချိုးတဲ့အခါ နားထဲရေရောက်နိုင်ပြီး ရေထဲမှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေပါလာတဲ့အခါ သင့်အကြားအာရုံနဲ့ နားကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေချိုးရေကူးတဲ့အခါ နားထဲဝင်နေတဲ့ရေတွေကုန်အောင် ခေါင်းကိုစောင်းပေးပါ။ ရေကူးသမားတွေအတွက် အထူးထုတ်လုပ်ထားတဲ့ နားကြပ်များကို အသုံးပြုပါ။

ဆေးဝါးများကို စနစ်တကျသုံးစွဲပါ

အကြားအာရုံဆုံးရှုံးမှုတာက ဆေးဝါးအမျိုးမျိုးရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလည်း ဖြစ်တတ်ပါတယ်။ မူးယစ်ဆေးဝါးကြောင့် အကြားအာရုံဆုံးရှုံးနိုင်ပြီး ဆေးဝါးတွေကို ပမာဏများများ ဒါမှမဟုတ် ရေရှည်စွဲသောက်နေရတဲ့ လူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ဆေးများကို အသုံးပြုနေရတယ်ဆိုရင် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း မှန်ကန်စွာ သောက်သုံးပါ။

ကိုယ်ရောစိတ်ပါ တက်ကြွစွာနေပါ

လေ့ကျင့်ခန်းကို ဦးစားပေးလုပ်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်တာက သွေးလည်ပတ်မှုကောင်းစေပြီး သွေးနဲ့အောက်ဆီဂျင်ကို နားထဲသို့ရောက်အောင် ကူညီပေးပြီး ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။

Stress ကို လျှော့ချပါ

စိတ်ဖိစီးမှုများတာတွေက ဟော်မုန်းပမာဏကို မြင့်မားလာစေနိုင်ပြီး အကြားအာရုံဆုံးရှုံးနိုင်ခြေကို တိုးစေပါတယ်။ နာတာရှည်စိတ်ဖိစီးမှုက အကြားအာရုံဆုံးရှုံးခြင်းအပြင် ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေနိုင်တာကြောင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲဖို့နဲ့ လျှော့ချဖို့ ထိရောက်တဲ့နည်းလမ်းများကို ရှာဖွေပါ ။စိတ်သက်သာရာရစေမယ့် တေးဂီတကို နားထောင်ပါ။၊ နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။