မျက်ကွင်းညိုတာဟာ ကြည့်ရဆိုးစေတာတော့ အမှန်ပါပဲ။ မိတ်ကပ်နဲ့အုပ်လည်း အချိန်တန်ရင် ပြန်ညိုတာပဲဆိုတော့ မျက်ကွင်းညိုတာကို ဒီတိုင်းမထားပဲ သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးသင့်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်မှာရှိတာလေးတွေနဲ့ မျက်ကွင်းညိုတာကို သက်သာအောင်ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

ရေခဲ

မျက်ကွင်းညိုတဲ့နေရာမှာ ရေခဲကို နေ့တိုင်းကပ်ပေးမယ်ဆိုရင်တော့ သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဂျယ်လ်ကို မျက်ကွင်းညိုနေတဲ့နေရာမှာ လိမ်းပေးရင်လည်း မျက်ကွင်းညိုတာကို သက်သာစေပါတယ်။ စွဲပြီးလုပ်ပေးဖို့တော့ လိုပါတယ်။

သင်္ဘောသီး

သင်္ဘောသီးကို ကျေညှက်အောင်ချေပြီး မျက်ကွင်းညိုတဲ့နေရာမှာ လိမ်းပေးရင်လည်း သက်သာစေပါတယ်။

ပျားရည်

မျက်ကွင်းညိုတဲ့နေရာမှာ ပျားရည်ကိုလိမ်းပေးရင် သက်သာစေပါတယ်။ အရေးအကြောင်းတွေလည်း လျော့ပါးစေပါတယ်။

အာလူး

အာလူးကို မျက်ကွင်းညိုတဲ့နေရာမှာ နေ့တိုင်းကပ်ပေးရင် ကြာလာတဲ့အခါမှာတော့ မျက်ကွင်းညိုတာတွေ သက်သာသွားစေပါတယ်။

Photo Source: www.womensok.com