အားလုံးပဲ မင်္ဂလာပါနော်။ ယခုတခါ ဖော်ပြပေးချင်တဲ့ လေ့ကျင့်ခန်းလေးတွေက မည်သည့်အကူပစ္စည်းမှမလိုဘဲ လှပတဲ့ ပုံပန်းသဏ္ဍာန်ရှိတဲ့ ရင်သားလေးကို ပိုင်ဆိုင်နိုင်ဖို့အတွက် အထူးအထောက်အကူပြုမှာပါ။ ကမ္ဘာတစ်ဝှမ်းမှာလည်း နာမည်ကျော်ကြားလျက်ရှိတဲ့ လေ့ကျင့်ခန်းတွေဖြစ်လို့ ဒီဆောင်းပါကို ဖတ်ပြီးတာနဲ့ မှတ်ထားပြီး လိုက်လုပ်ကြည့်လိုက်ရအောင်နော်။

၁။ ကြယ်တွေဖမ်းတဲ့ လေ့ကျင့်ခန်း

သွေးပူလေ့ကျင့်ခန်းဖြစ်ပြီး ကိုယ်နေဟန်ထားမှန်ဖို့နဲ့ ကျောဖက်ကို အားကောင်းစေဖို့ ကူညီပေးမှာပါ။

မတ်မတ်ရပ်ပြီး ခေါင်းကိုအနောက်သို့မော့လိုက်ပါ။ လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး ကြယ်တွေကိုဖမ်းနေသလိုမျိုး လက်သီးဆုပ်ပေးပါ။

၂။ ဆင်ပုံစံ လေ့ကျင့်ခန်း

နောက်ကျောဖက်ကို တင်းတင်းရင်းရင်းရှိစေပြီး ဂုတ်နှင့် ရင်ဘတ်ကြွက်သားများကို ပြေလျော့စေမှာပါ။

ခြေထောက်နှစ်ဖက်ကို ပခုံးအကျယ်လောက်အထိ ချဲလိုက်ပြီး အရှေ့ကို ကိုင်းလိုက်ပါ။ နောက်ကျောဖက်က ကြမ်းပြင်နဲ့ အပြိုင်ရှိနေရပါမယ်။

လက်နှစ်ဖက်ကို အကြောလျှော့ထားပြီး အောက်ချထားပါ။ ပြီးလျှင် နောက်ပြန်လမ်းလေ ျှာက်လျက် လက်နှစ်ဖက်စလုံးကို ဘယ်ဖက်မှ ညာဖက် တစ်လှည့်စီ ဖြေးဖြေးချင်းလွှဲပေးပါ။ လက်တွေရဲ့ရွေ့လျားမှုအတိုင်း ခေါင်းလည်းလိုက်ပြီး လှုပ်ရှားပေးပါ။

၃။ မြွေဟောက် လေ့ကျင့်ခန်း

ခန္ဓာကိုယ်အပေါ်ပိုင်းကို သန်မာစေပြီး စစလုပ်ချင်းမှာတော့ ခက်ခဲသလိုထင်ရပေမယ့် အချိန်ကြာလာရင် လွယ်ကူသွားမှာပါ။

ဝမ်းလျားမှောက်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ခေါင်းကို ကြမ်းပြင်မှအပေါ်သို့ မြှောက်လိုက်ပါ။

ခေါင်းမော့ထားချိန်မှာ လက်နှစ်ဖက်ကို ဘေးကပ်ပြီး ခြေထောက်နှစ်ဖက်ကိုလည်း ပူးထားပေးပါ။

၃။ တင်းနစ်ဘောလုံး လေ့ကျင့်ခန်း

ရင်သားကြွက်သားများကို သန်မာဖို့အတွက် ကူညီပေးရာမှာ အလွန်အထောက်အကူပြုမယ့် လေ့ကျင့်ခန်းတစ်ခုပါ။

မတ်မတ်ရပ်ပြီး ခြေထောက်နှစ်ဖက်ကို တင်ပါးအကျယ်ချဲထားပါ။ တင်းနစ်ဘောလုံးကိုယူပြီး ရင်ဘတ်နှင့်တစ်တန်းတည်း လက်ဖဝါးနှစ်ခုကြားမှာ ထားပေးပါ။

တင်းနစ်ဘောလုံးကိုညှစ်လိုက်ရင်းဖြင့် လက်နှစ်ဖက်ကို တွန်းပေးပါ။ ပြီးလ ျှင်တော့ လက်နှစ်ဖက်ကို ဘေးပြန်ချပြီး သက်သောင့်သက်သာနေပါ။

၄။ စာအုပ် လေ့ကျင့်ခန်း

ရင်သားများကို တင်းတင်းရင်းရင်းရှိစေပြီး နောက်ကျောကြွက်သားများကို သန်မာစေမယ့် ဒီလေ့ကျင့်ခန်းကိုပြုလုပ်ဖို့အတွက် မတ်မတ်ရပ်ပြီး စာအုပ်အထူနှစ်အုပ်ကို လက်ဖဝါးတစ်ဖက်စီပေါ်တင်လိုက်ပါ။ လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်လိုက်ပြီး အရှေ့မှာပြန်ပူးလိုက်ပါ။

၅။ ကပ်ကြေးညှပ် လေ့ကျင့်ခန်း

ရင်ဘတ်ကြွက်သားတွေကို အကြောဆန့်ဖို့အတွက်နှင့် ကိုယ်နေဟန်ထားကို မှန်ကန်စေဖို့အတွက် ကူညီပေးမယ့်လေ့ကျင့်ခန်းတစ်ခုပါ။ မတ်မတ်ရပ်ပြီး ပုခုံးနှစ်ဖက်ကို အကြောလေ ျှာ့ထားပါ။ လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးမှောက်ထားပါ။ အရှေ့ကိုယူလိုက်ပြီး တစ်ဖက်နှင့်တစ်ဖက် ယှက်ထားပေးပါ။

၆။ ခေါင်းအုံး လေ့ကျင့်ခန်း

မတ်မတ်ရပ်ကာ ခြေထောက်နှစ်ဖက်ကို ပူးထားပါ။ ခေါင်းအုံးကိုယူလိုက်ပြီး လက်နှစ်ဖက်နှင့်ညှစ်လိုက်ကာ ပြန်ပြီးသက်သောင့်သက်သာနေပေးပါ။

လုပ်ဆောင်ရမယ့် အကြိမ်အရေအတွက်

စစချင်း ပထမဆယ်ရက်မှာ တစ်ရက်လျှင် လေ့ကျင့်ခန်းတစ်ခုကို အကြိမ် ၂၀ လုပ်ပေးရန်လိုအပ်ပြီး ဆယ်ရက်ပြီးသည့်နောက်မှာ တစ်နေ့လျှင် ၁၀ ကြိမ်ထိလျှော့ချလိုက်နိုင်ပါတယ်။