လူ့ခန္ဓာကိုယ်က တစ်နေရာမှာ ချို့ယွင်းနေပြီဆိုရင် လက္ခဏာတွေပြတတ်ပေမယ့် လူတွေက အဲ့ဒီ လက္ခဏာတွေကို လျစ်လျုရှုတတ်ကြပါတယ်။

ဒါကြောင့် ကင်ဆာစဖြစ်ခါနီးမှာ ပြသတတ်တဲ့ လက္ခဏာများကို ဝေမျှချင်ပါတယ်။

အရေပြားပြောင်းလဲလာ

ဒါကတော့ အဓိကအားဖြင့် အရေပြားကင်ဆာနဲ့ရင်သား ကင်ဆာတို့နဲ့ သက်ဆိုင်ပါတယ်။

  • ရင်သား သို့ ချိုင်းအောက်မှာ အကြောထုံးလေးတွေ ဖြစ်လာတာမျိုး။
  • အသားအရေတွေ ယားယံတာမျိုး။
  • အရေပြားအောက်မှာ အရည်အိတ်လေးတွေ ဖြစ်လာတတ်တာမျိုး။
  • မွေးရာပါ အမှတ် သို့မဟုတ် ပုံစံတွေ ပြောင်းလဲသွားတာမျိုး။

အဆက်မပြတ် ချောင်းဆိုးလာ

ချောင်းဆိုးတာက အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါဖြစ်နိုင်ပေမယ့် အဆက်မပြတ်ချောင်းဆိုးလာရင် ကင်ဆာရောဂါတွေရဲ့ လက္ခဏာအစလည်း ဖြစ်နိုင်ပါတယ်။

  • အစားစားချင်စိတ် လျော့နည်းလာ
  • အသက်ရှူ မ၀ တာ
  • ကိုယ်အလေးချိန် ကျလာ စတဲ့ လက္ခဏာတွေ ခံစားရရင် သတိထားသင့်ပါတယ်။

အရေပြား ယားယံ 

တချို့ ရောဂါတွေက အကြိတ်တွေ ထွက်တာမျိုးမရှိဘဲ အရေပြား ယားယံတာတွေဖြစ်တတ်ပါတယ်။

ဥပမာ ဦးနှောက်ကင်ဆာဆိုရင် အသက်ရှူလမ်းကြောင်းမှာယားယံနေတာမျိုး ခံစားရတတ်ပါတယ်။

ဝမ်းသွားတဲ့ ပုံစံပြောင်းလဲ

  • ဝမ်းထဲမှာ သွေးပါလာ
  • အကျိအချွဲတွေ ပါလာ
  • ဝမ်းချုပ်လာ

ဆီးသွားတဲ့ ပုံစံ ပြောင်းလာ

  • ဆီးထဲမှာ သွေးပါလာ
  • သွေးတိုး
  • ကျောက်ကပ်မှာ နာကျင်လာ
  • အလွန်အမင်း အားနည်းလာ

ကိုယ်အလေးချိန် ချက်ခြင်း လျော့ကျ

လည်ပင်းနာတဲ့အချိန် ကြာမြင့်နေ

  • အသက်ရှူ ရခက်၊ မျိုချရခက်နေ
  • အသက် သိပ်မထွက်တော့တာ
  • အသက်ရှူကျပ်၊ ချောင်းဆိုး စတာတွေနဲ့တွဲလျက် ခံစားရရင် သတိထားသင့်ပါတယ်။