ကျွန်တော်၊ ကျွန်မတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ပြီး ပုံမှန်လည်ပတ်လှုပ်ရှားနိုင်ရန်အတွက် ဗီတာမင်စီက အလွန်အရေးပါပြီး အထူးလိုအပ်ပါတယ်။ အခြားဗီတာမင်ဓာတ်တွေလိုမဟုတ်ဘဲ ဗီတာမင်စီက ကိုယ်တွင်းမှာ အချိန်ကြာကြာမနေတဲ့အတွက်ကြောင့် သင့်တင့်လျောက်ပတ်တဲ့ ပမာဏကို နေ့စဉ်နေ့တိုင်း စားသုံးပေးဖို့လိုအပ်ပါတယ်။

ခန္ဓာကိုယ်တွင်းမှာ ဗီတာမင်စီချို့တဲ့လာပါက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ လက္ခဏာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။ ဒါပေမယ့် ဗီတာမင်စီဓာတ်ကို မှန်မှန်ပြန်ပြီးသုံးစွဲပေးမယ်ဆိုရင်တော့ ဒီလိုပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်လို့ ဘယ်လိုလက္ခဏာမျိုးတွေဆိုရင် ဗီတာမင်စီပြန်ဖြည့်ဖို့ လိုအပ်ပြီလဲဆိုတာ သိရအောင် အခုပဲဖော်ပြပေးလိုက်ရပါတယ်။

မကြာခဏ သွားဖုံးရောင်ပြီး သွေးထွက်ခြင်း

Source: firstdentalcareoc.com

သွားဖုံးကျန်းမာရေးအတွက် ဗီတာမင်စီက အခြေခံကျတာကြောင့် သင့်တင့်လျောက်ပတ်တဲ့ ပမာဏကို မသုံးစွဲဘူးဆိုပါက သွားဖုံးရောဂါကို ခံစားလာရနိုင်ပါတယ်။ ကိုယ်က သွားပုံမှန်တိုက်ပြီး ဂရုစိုက်ပေမယ့်လည်း သွားဖုံးတွေကရောင်ပြီး သွေးထွက်နေတယ်ဆိုရင်တော့ ဗီတာမင်စီများများ သုံးစွဲကြည့်လိုက်ပါ။

အရွယ်ရောက်ပြီးသား အမျိုးသမီးတွေဟာ တစ်နေ့လျှင် ၇၅ မီလီဂရမ် နှင့် အမျိုးသားများအနေနဲ့ ၉၀ မီလီဂရမ်တို့ ဗီတာမင်စီဓာတ်သုံးစွဲဖို့ လိုအပ်ပါတယ်။

ဒဏ်ရာရလွယ်ပြီး အနာကျက်နှေးခြင်း

Source: freepik.com

ထိခိုက်ဒဏ်ရာရလွယ်တယ်ဆိုရင်တော့ ဗီတာမင်စီချို့တဲ့နေပါပြီ။ ဒါဆိုရင် အချဉ်ဓာတ်ရှိတဲ့ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးခြင်းဖြင့် ပြန်လည်ဖြည့်တင်းလိုက်ပါ။ ဒါ့အပြင် အနာကျက်လည်းနှေးတယ်ဆိုရင်တော့ Collagen ထုတ်လုပ်ရန်လိုအပ်တဲ့ ဗီတာမင်စီလိုအပ်နေပြီဖြစ်လို့ လိမ္မော်သီးတွေ စားပေးပါ။

ဆံသားကကြွပ်ဆပ်၊ ကျိုးကြေလွယ်ပြီး အကျွတ်များခြင်း

Source: Medical News Today

ဆံပင်တွေကျွတ်ပြီး ဆံသားတွေက ပျက်စီးကျိုးကြေနေတယ်ဆိုရင်တော့ သင်ဟာ ဗီတာမင်စီကို နေ့စဉ်စားသုံးမှုမရှိလို့ပါပဲ။ ဆံပင်အလှကုန်ပစ္စည်းတွေဝယ်ဖို့အတွက် ပိုက်ဆံတွေအကုန်မခံခင်မှာ ဗီတာမင်စီကြွယ်ဝတဲ့ ဂေါ်ဖီပန်းစိမ်းနဲ့ ကီဝီသီးကို စားကြည့်ပါ။

မကြာမကြာ အဆစ်အမြစ်တွေနာကျင်ခြင်း

Source: Consumer Reports

ဗီတာမင်စီချို့တဲ့ တဲ့ အစောပိုင်းလက္ခဏာတွေထဲမှာ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဗီတာမင်စီဟာ အားပြင်းတဲ့ Antioxidant ဖြစ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်တွင်းမှာ လျော့နည်းလာပြီဆိုပါက အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲလာစေမှာပါ။ ဝေဒနာခံစားလာရပြီဆိုရင် ဘယ်လိုမှနေလို့ထိုင်လို့ကောင်းမှာမဟုတ်လို့ နေ့စဉ်နေ့တိုင်း ဗီတာမင်စီထည့်သွင်းစားသုံးပေးပါ။

ဖျားနာလွယ်ခြင်း

Source: Start Up Donut

မကြာမကြာ အအေးမိပြီး ဖျားနာနေတယ်ဆိုရင်တော့ ကိုယ်ခံအားကျဆင်းနေလို့ဖြစ်နိုင်ပါတယ်။ ဗီတာမင်စီက ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဆဲလ်တွေထုတ်လုပ်မှုအားကို တိုးမြှင့်ပေးတာကြောင့် ခဏခဏဖျားနာနေတယ်ဆိုရင် ကိုယ်ခံအားနည်းနေပြီလို့ ဆိုလိုနေတာကြောင့် ဗီတာမင်စီသုံးစွဲကာ ပြန်လည်ဖြည့်တင်းလိုက်ပါ။

နေ့ခင်းချိန်မှာတောင် ငိုက်မြည်းပြီး ပင်ပန်းနေခြင်း

Source: publico.es

ညဖက်မှာလည်း အိပ်ရေးဝပါရက်နဲ့ နေ့ခင်းမှာ အိပ်ချင်မူးတူးဖြစ်နေသေးတယ်ဆိုပါက ဗီတာမင်စီအလုံအလောက်မသုံးစွဲဘူးဆိုတာဖြစ်နိုင်ပါတယ်။ ဗီတာမင်စီချို့တဲ့ပါက မူးဝေတဲ့လက္ခဏာကို ခန္ဓာကိုယ်မှပြသတာဖြစ်တဲ့အတွက် အိပ်ချင်တယ်ဆိုပြီး ကော်ဖီ ၁၀ ခွက်လောက်သောက်မယ့်အစား ကီဝီသီးတစ်လုံးလောက်စားပေးလိုက်ပါ။

အသားအရေခြောက်သွေ့ခြင်း

Source: lifestyle.okezone.com

Collagen ထုတ်လုပ်မှုအတွက် ဗီတာမင်စီက အင်မတန်အရေးကြီးတာကြောင့် ဗီတာမင်စီလုံလုံလောက်လောက် ခန္ဓာကိုယ်တွင်းမှာ မရှိဘူးဆိုပါက အသားအရေက ခြောက်သွေ့ပျက်စီးလာပြီး အရေးအကြောင်းတွေလည်း ပေါ်လာစေနိုင်ပါတယ်။

Featured Image Source: Daily Express