လူသားတွေအားလုံးဟာ အချိန်ကျလာတာနဲ့ ကြုံတွေ့ရမယ့် အိုမင်းရင့်ရော်ခြင်းကို ဘယ်လိုနည်းနဲ့မှ ရှောင်လွှဲလို့မရပါဘူး။ ဆံပင်ဖြူလာမယ်၊ ဆံပင်တွေကျွတ်လာမယ်၊ မျက်နှာပေါ်မှာ အရေးအကြောင်းတွေပေါ်လာမယ် ဒီလိုလက္ခဏာတွေဟာ အိုမင်းရင့်ရော်ခြင်း အစပြုလာပြီဆိုတာကို သက်သေပြနေပါတယ်။

ဒီလိုအိုမင်းရင့်ရော်ခြင်း ကိုယ့်ဆီဖြစ်မလာအောင် ဘယ်လိုမှရှောင်တိမ်းလို့မရပေမယ့် နှေးကွေးစေမယ့် နည်းလမ်းလေးတွေတော့ ရှိနေပါတယ်။

ကော်ဖီ

Source: Forbes

ကော်ဖီကို တစ်နေ့တစ်ခွက် သောက်သုံးပေးသူများတွင် အရေပြားကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။

ရေ

Source: nieuwwaterwinkel.nl

အရွယ်ရောက်ပြီးသားလူတစ်ဦးရဲ့ ခန္ဓာကိုယ်ဟာ ရေ ၆၅ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာဖြစ်တာကြောင့် ကိုယ်တွင်းက အစိတ်အပိုင်းများ မှန်မှန်အလုပ်လုပ်စေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝမှုမရှိပါက အသားအရေခြောက်သွေ့ပြီး အရေးအကြောင်းတွေပေါ်လာစေတာကြောင့် အိုမင်းရင့်ရော်တဲ့အသွင်ကိုပေါ်လာစေပါတယ်။

လက်ဖက်ရည်

Source: cupandleaf.com

Green Tea တွေဟာ အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်ပေးတဲ့ Antioxidant ပါဝင်တာကြောင့် အရေးအကြောင်းတွေပေါ်လာခြင်းမှ တားဆီးပေးပါတယ်။ Green Tea နှင့် ရေနွေးကြမ်းကို မှန်မှန်သောက်သုံးပေးပါက နှလုံးရောဂါဖြစ်ပွားနှုန်းမှလည်း လျော့ကျစေပါသေးတယ်။

အုန်းရည်

Source: FirstCry Parenting

အုန်းရည်မှာ သတ္တုဓာတ်နဲ့ Electrolytes တို့ ကြွယ်ဝစွာပါဝင်တာကြောင့် အစားအသောက်မှရရှိတဲ့ အာဟာရဓာတ်များ ခွဲဝေဖြန့်ချီမှုကို တိုးတက်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် အုန်းရည်မှာ Cytokinin လို့ခေါ်တဲ့ Plant Hormone တစ်မျိုးပါဝင်သည့်အတွက် ကလပ်ဆဲလ်များကြီးထွားလာမှုကို ဖြစ်ပေါ်စေပါတယ်။

ရှားစောင်းလက်ပတ်ဖျော်ရည်

Source: amazon.co.uk

ရှားစောင်းလက်ပတ်ဖျော်ရည်များတွင် ခန္ဓာကိုယ်တွင်း Collagen ထုတ်လုပ်မှုကို မြှင့်တင်ပေးသည့် အမီနိုအက်စစ်နှင့် အာဟာရဓာတ်များ အမြောက်အမြား ပါဝင်နေပါတယ်။ ဒါ့အပြင် အရေပြား ပြန်လည်သန်စွမ်းနုပျိုစေသည့် Antioxidants များရှိသည့်အတွက် ငယ်ရွယ်နုပျိုသည့်အသွင်ကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

Featured Image Source: BrightSide