ရေက လူတွေအတွက် အကျိုးရှိတယ်ဆို အားလုံးသိပြီးသားပါ။ ကမ္ဘာကြီးကို ရေနဲ့ ဖွဲ့စည်းထားသလို ကျွန်ုပ်တို့ ခန္ဓာကိုယ်တွေကလည်း ရေနဲ့ ဖွဲ့စည်းထားပါတယ်။

ဒါပေမယ့်ရေထက်ပိုပြီး အကျိုးရှိတဲ့ အသီးဖျော်ရည်များလည်းရှိပါတယ်။

အုန်းရေ

အုန်းရေမှာ ပိုတက်ဆီယမ်ဓာတ်တွေအများကြီးပါဝင်ပါတယ်။ အဲ့ဒီအပြင် ရေဓာတ်ပြည့်ဝအောင်ကူညီပေးနိုင်တဲ့ သတ္တုဓာတ်တွေ အများကြီးလည်း ပါဝင်ပါတယ်။

ရှားစောင်းလက်ပတ်ရေ

ရှားစောင်းလက်ပတ်မှာ Antioxidants တွေများပြီး ၊ သွေးအတွင်း ကိုလက်စထရောဓာတ်တွေ လျှော့ချပေးကာ ဝမ်းချုပ်တာတို့ကို ကာကွယ်ပေးပါတယ်။

ရေထက်ပိုကောင်းတဲ့ အသီးများ

စတော်ဘယ်ရီ၊ ဖရဲသီး၊ ပင်စွမ်းရွက်၊ သခွားသီးနဲ့ ဘလူးဘယ်ရီသီးတို့ကို ရေထဲထည့်သောက်ခြင်းဖြင့်လည်း ရေချည်းသောက်တာထက်များတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။

ရေနွေးကြမ်း

ရေနွေးကြမ်းတွေ Green Tea တွေကလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

  • သွားနဲ့ပတ်သက်တဲ့ ရောဂါတွေကာကွယ်ပေး
  • သွေးလည်ပတ်မှုကိုကောင်းစေ
  • ရောင်ရမ်းတာတွေ လျှော့စေ
  • ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားတွေ မဝင်အောင်ကူညီပေး

အဲ့ဒီအပြင် Green Tea ဟာ ခန္ဓာကိုယ်ထဲက အဆီတွေ လျော့သွားအောင်ကူညီပေးနိုင်ပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။