ကော်ဖီဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ သောက်စရာတွေအားလုံးထဲက အကောင်းဆုံးနဲ့လူကြိုက်အများဆုံး သောက်စရာလို့ဆိုရင်လည်း မမှားပါဘူး။ သောက်လိုက်အချိန်မှာ ခံစားရတဲ့အရသာကြောင့် သောက်ပြီးရင်းသောက်ချင်နေတဲ့ ခံစားချက်မျိုးတွေလည်း ဖြစ်ပေါ်နေတာပေါ့။ အလွန်အကျွံသောက် လွန်းရင်တော့ ဆိုးကျိုးတွေရှိတယ်ဆိုပေမယ့် ကော်ဖီရဲ့ကောင်းကျိုးတွေကလည်း ရှိနေပါသေးတယ်။

မှတ်ဉာဏ်ကိုကောင်းမွန်းစေတယ်လို့သိရပါတယ်။ ကော်ဖီကသောက်လိုက်တဲ့အချိန်မှာ လန်းဆန်းသွားပြီး ဦးနှောက်ကိုလည်း တည်ငြိမ်သွားစေတာကြောင့် မှတ်ဉာဏ်တွေ၊ တွေးခေါ်နိုင်စွမ်းတွေကို မြင့်မားလာစေပါတယ်။

နေ့တစ်နေ့ကို စတင်နိုင်ဖို့အတွက် အင်အားတွေပေးနိုင်တယ်။ မနက်ပိုင်းတွေမှာ ကော်ဖီလေးမှမသောက်လိုက်ရရင် တစ်ခုခုလိုနေသလိုမျိုး ခံစားနေရတဲ့သူတွေကတော့ ကော်ဖီသောက်လိုက်ပြီးတဲ့အချိန်ကနေ စပြီးတစ်နေ့တာလုံးကို တက်တက်ကြွကြွ ဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။

စိတ်ညစ်စရာတွေရှိနေတဲ့အချိန်မျိုးတွေမှာလည်း ကော်ဖီကအများကြီးကူညီပေးနိုင်ပါသေးတယ်။ ပျိုမေတို့မှာ စိတ်ညစ်စရာတစ်ခုခုရှိနေပြီဆိုရင် ကော်ဖီတစ်ခွက်သောက်ပေးလိုက်တာနဲ့ စိတ်တွေကိုပြန်လည်တည်ငြိမ်သွားစေပြီး စိတ်ညစ်စရာတွေကိုလည်း လျော့နည်းသွားစေမှာပါ။

ခေါင်းကိုက်နေတာကိုလည်း လျော့နည်းစေပါတယ်။ ခေါင်းကိုက်နေတဲ့အချိန်တွေမှာ ကော်ဖီမှာပါဝင်နေတဲ့ ကဖင်းဓာတ်က ဦးနှောက်ကို လန်းဆန်း စေတာကြောင့် ခေါင်းကိုက်တဲ့ဝေဒနာတွေကိုလည်း ခဏလေးနဲ့ပျောက်ကင်းသွားစေနိုင်ပါတယ်။

Photo Source: Unsplash