ဗိုက်ချပ်ချပ် နဲ့ အဆီပိုကင်းတဲ့ ခန္ဓာကိုယ်ကို အမျိုးသမီးတိုင်း မက်မောကြပါတယ်။ အဲဒီအတွက် အစားအသောက်ကို ဂရုစိုက်ဖို့လိုသလို ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့ လိုအပ်ပါတယ်ရှင်။ ဒါတင်မကသေးပါဘူး အဆီကျစေဖို့ အထောက်အကူဖြစ်တဲ့ သဘာဝဖျော်ရည်လေးတွေကိုလည်း လုပ်သောက်ဖို့ အကြံပေးလိုက်ပါတယ်နော်။ ဝမ်းဗိုက်က အဆီလေးတွေ မြန်မြန်ကျစေဖို့ ဖျော်ရည်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

ရေ ၈ ခွက်

ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သခွားသီး အလယ်အလတ် ၁ လုံး၊ (အခွံနွှာပြီး ပါးပါးလှီးပါ)

သံပုယိုသီး အနေတော် ၁ လုံး (ပါးပါးလှီးပါ)

ပူစီနံ လတ်လတ်ဆတ်ဆတ် ၁၂ ရွက်

ပြင်ဆင်ခြင်း

ဘူးအကြီးတစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းဆီ ထည့်လိုက်ပါ။ ပြီးရင် တစ်ညလောက် ရေခဲသေတ္တာထဲထည့်ထားပါ။ မနက်ပိုင်းမှာ ရေကိုသေချာမွှေပေးပါ။ ပြီးရင် တစ်နေ့ကို ၄ ခွက် ၅ ခွက်လောက်သောက်ပေးပါ။ မနက်စာမစားခင်မှာ ၁ ခွက်စပြီးသောက်ပါ။ ဒီဖျော်ရည်ကို နေ့တိုင်း ပုံမှန်သောက်ပေးမယ်ဆိုရင် ဝမ်းမှန်စေပြီး အားရှိစေပါတယ်။ လအနည်းငယ်ကြာရင်တော့ ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာမှာပါ။ တခြားအချိုရည်တွေ သောက်မယ့်အစား ဒီဖျော်ရည်ကို အစားထိုးသောက်ပေးပါ။