ကျောက်ကပ်မှာ ကျောက်တွေ ရှိနေတာဟာ တဖြည်းဖြည်းနဲ့ ဆီးသွားရခက်လာပြီး ကျောက်ကပ်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဆီးထဲမှာပါလာတဲ့ ပစ္စည်းလေးတွေက တဖြည်းဖြည်း ပျစ်လာပြီး ကျောက်ကပ်ကျောက်တည်တာတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ဆီးထဲမှာ ကယ်ဆီယမ်၊ Phosphorous နဲ့ Oxalate ဓာတ်တွေများလာရင် ကျောက်ကပ်မှာ ကျောက်တွေဖြစ်လာပါတယ်။

ရှေးလူကြီးတွေ ပြောသွားသလိုပါပဲ။ ရေများများသောက်ရင် ဆီးများများသွားကာ ကျောက်ကပ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးပါတယ်။

kidenystonesformation

Citric အက်ဆစ်က ကျောက်ကပ်ကျောက်တည်တာတွေ ကာကွယ်ပေး

ဆီးထဲမှာ Citric အက်ဆစ်တွေ ပိုများများရှိနေရင် ကျောက်ကပ်မှာ ကျောက်တည်တာတွေကို ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် ကျောက်တွေကိုလည်း ကြေစေပါတယ်။

lemonjuice

သံပုရာသီး

သံပုရာသီးမှာ Citric အက်ဆစ်တွေ အများကြီးပါဝင်တာကြောင့် ကျောက်ကပ်ကျောက်တည်တာတွေကို ကုသပေးနိုင်ပါတယ်။

ခွက်တစ်ခွက်ထဲမှာ သံပုရာသီးတစ်လုံးကို အရည်ညှစ်ထည့်လိုက်ပါ။ ခွက်ကို တစ်ဝက်လောက် ရေထည့်လိုက်ပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်သောက်ပေးပါ။ တစ်လလောက် ဆက်တိုက်သောက်လိုက်ရင် ကျောက်ကပ်ကျောက်တည်တာကို ကာကွယ်လျော့နည်းစေသာမက အစာခြေစနစ်ကိုလည်း အထောက်အကူပြုပါတယ်။