ကျောက်ကပ်မှာ ကျောက်တည်တာတွေက အမျိုးသားတွေမှာ အဖြစ်များပြီး ကျောက်ကပ်ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

ဆီးထဲမှာပါလာတဲ့ အနယ်တွေက ကျောက်ကပ်မှာအနယ်ကျပြီး ကျောက်တွေ ဖြစ်လာပါတယ်။ ဆီးထဲမှာ Phosphorus ၊ ကယ်ဆီယမ် နဲ့ Oxalate ဓာတ်တွေပါဝင်မှု ရာခိုင်နှုန်းများကာ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်တွေမှာ အနယ်ကျကာ ကျောက်တည်လာပါတယ်။

ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းကတော့ ရေများများ သောက်တာဘဲ ဖြစ်ပါတယ်။

သင့်ဆီးထဲမှာ Citric Acid တွေပါဝင်မှုများလေလေ ဆီးလမ်းကြောင်းနဲ့ကျောက်ကပ်မှာ ကျောက်တည်ဖို့ ရာခိုင်နှုန်းနည်းလေလေဖြစ်ပါတယ်။

အချဉ်ဓာတ်က ကျောက်ကပ်ထဲမှာ ကျောက်တည်မှုကို ကာကွယ်ပေးပြီး ကျောက်အသေးလေးတွေကိုလည်း ကြေစေပါတယ်။

Citric Acid ပါဝင်တဲ့ အစားအစာများ

သံပုရာသီး မှာတော့ အချဉ်ဓာတ် (Citric Acid) ပါဝင်မှု အများဆုံးပါဘဲ။ ကျောက်ကပ်မှာ ကျောက်တည်ပြီး ကျောက်ကပ်ထိခိုက်ရင် ဆေးကုသကုန်ကျစရိတ်တွေ အများကြီး ကုန်နိုင်ပါတယ်။

ဒါကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်ဖို့အတွက် Citric Acid ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးသင့်ပါတယ်။

သံပုရာရည်

သံပုရာသီး တစ်လုံးကို ဖန်ခွက်ထဲ ညှစ်ထည့်ပြီး ရေကို ဖန်ခွက်တစ်ဝက်လောက်ရအောင် ထည့်ပါ။ ပြီးရင် မနက်တစ်ခါ၊ ညတစ်ခါ တစ်နေ့ ၂ ကြိမ်သောက်ပေးပါ။ ၁လကြာတဲ့အခါမှာ အစာခြေစနစ်ကို အားကောင်းစေပြီး ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေးပါတယ်။