ရုံးပတီသီးကို ကင်စားကြသလို။ ချက်စားကြော်စားတာတွေလည်းရှိပါတယ်။

index

လတ်ဆတ်တဲ့ ရုံးပတီသီးရေ ၁ ခွက်မှာ ကယ်လိုရီဒါတ် ၃၀ ၊ ပရိုတင်းဓါတ် ၂ ဂရမ်၊ အမျှင်ဓါတ် ၃ ဂရမ်၊ အဆီဓါတ် ၀.၁ ဂရမ် ပါ၀င်ပါတယ်။ ဒါ့အပြင် ကာဗွန်ဟိုက်ဒရိတ်၊ ဗီတာမင် C ၊ မဂ္ဂနီဆီယမ် စတဲ့ ဂုဏ်သတ္တိတွေလည်း ကြွယ်ဝစွာပါ၀င်နေလို့ လူသားတွေရဲ ကျန်းမာရေးကို များစွာအထောက်အကူပြုစေပါတယ်။

ရုံးပတီသီးအရည်ကိုသောက်သုံးတာဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ပန်းနာရင်ကျပ်တာကိုလည်း ပျောက်ကင်းစေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါကို တိုက်ဖျက်ပေးနိုင်ပြီး ကျောက်ကပ်ရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးပါတယ်။

ပါ၀င်ပစ္စည်း

b20-1

ရုံးပတီသီး ၄ လုံး

ရေတစ်ခွက်

ပြုလုပ်နည်း

okra_filling

ရုံးပတီသီးရဲ့ ထိတ်ဖျားကိုဖြတ်လိုက်ပါ။ ပြီးရင် အလည်ကနေ လှီးပေးပြီး ရေပါတဲ့ ခွက်ထဲထည့်ပြီး ညလုံးပေါက်စိမ်းထားပါ။

မနက်ကျရင် ခွက်အသစ်တစ်လုံးထဲမှာ ရုံးပတီသီးကိုအရည်ညစ်ပါ။ ပြီးရင် ရေအနည်းငယ်ထည့်ပြီး သောက်သုံးနိုင်ပါတယ်။ မနက်စာမစားခင်သောက်တာ ပိုကောင်းပါတယ်။