မနက်ခင်းအိပ်ယာထပြီးပြီးချင်း ဘာအစားမှမစားသေးခင် သံပုယိုရည်ပူပူလေးတစ်ခွက်ကို သောက်သုံးပေးတာဟာ ကျန်းမာရေးအတွက် အထောက်အကူ အများကြီး ဖြစ်စေတယ်ဆိုတာ စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။

ပြုလုပ်ရတာလည်း လွယ်ကူရိုးရှင်းပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ သံပုယိုသီး တစ်ခြမ်းကို အရည်ညစ်ပြီး ရေနွေး ထည့်ထားတဲ့ ခွက်ထဲကို ညစ်ထည့်ပေးရုံပါပဲ။ အဲဒီသံပိုယုရည် ပူပူလေးကို နေ့တိုင်းလိုလို သောက်သုံးပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သံပုယိုရည်ကို သောက်သုံး ပေးတာဟာ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့Antioxidant ၊ ပရိုတင်း ၊ ဗီတာမင် B၊ C၊ ဖော့စ်ဖရပ်၊ ပိုတက်ဆီယမ် စတဲ့ ဓါတ်တွေပါဝင်နေပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ရောဂါပိုးဝင်ရောက်မှုကနေလည်း ကာကွယ်ပေးပါတယ်။

အဲဒီအတွက် ဘာလို့မနက်ခင်းမှာ သံပုယိုရည်သောက်သင့်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဝက်ခြံ

Blackheads

သံပုယိုသီးအရည်ပူပူလေးကို သောက်ပေးတာဟာ ဝက်ခြံဖြစ်ထွက်လာတာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သံပုယိုရည်ကို မျက်နှာပေါ်မှာ ပွတ်လိမ်းပေးတာကလည်း ဝက်ခြံပျောက်ကင်းစေပါတယ်။

၂။ အစားအလွန်အကျွံစားချင်စိတ်ကို လျှော့ချပေးခြင်း

သံပုယိုသီးဖျော်ရည်က ကျန်းမာစေတဲ့ အဟာရဓါတ်တွေကို ထုတ်လုပ်ပေးပါတယ်။ ဗီတာမင်ဓါတ်တွေနဲ့ အင်ဇိုင်းဓါတ်တွေကို သံပုယိုသီးဖျော်ရည်မှာတွေ့ရပြီး သွေးတွင်းသကြားဓါတ်ပါဝင်မှုနှုန်းကို ထိန်းညှိပေးပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးးချိန်ကို ပုံမှန်အတိုင်းထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် သံပုယိုသီးဖျော်ရည်ကိုသောက်သုံးတာဟာ အစားစားချင်စိတ်ကို လျှော့ချပေးတာကြောင့် တတွတ်တွတ်စားလို့ ကိုယ်အလေးချိန်တက်လာမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

၃။ ဆီးကျောက်တည်ခြင်း

သံပုယိုသီးဖျော်ရည်မှာ ပိုတက်ဆီယမ်ဓါတ်တွေ ပါဝင်တာကို သင်သိသင့်ပါတယ်။ ပိုတက်ဆီယမ်ဓါတ်ဟာ ဆီအတွင်းမှာ Citrate ပါဝင်မှုကို မြင့်တက်စေတာကြောင့် Oxalate လို သတ္တုဓါတ် တဖြည်းဖြည်းစုစည်းလာပြီး ဆီးကျောက်တည်လာမှုကို ကာကွယ်ပေးပါတယ်။

၄။ ကိုယ်ခံအားစနစ်

သံပုယိုသီးဖျော်ရည်ကို မနက်ခင်းမှာ သောက်သုံးတာဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

၅။ သဲခြေနဲ့ဆိုင်တဲ့နာကျင်မှု

ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေက အစားစားနေချိန်မှာ သံပုယိုသီးဖျော်ရည်ကိုသောက်သုံးပေးတာဟာ သဲခြေမှာ ကျောက်တည်တာကြောင့် နာကျင်မှုကို သက်သာစေတယ်လို့ဆိုပါတယ်။

၆။ အအေးမိတာနဲ့ တုပ်ကွေးဖြစ်ခြင်း

2d274907862297-cold-flu-tissue-today-tease-150220_0b20d8b39b7ff9bfc1ec756d8ed5f91f

သံပုယိုသီးဖျော်ရည်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ဘက်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးတာကြောင့် အအေးမိ တုပ်ကွေး ဖျားနာတာ အလွယ်တကူအဖြစ်တော့ပါဘူး။

၇။ လက်သည်းကို သန်မာစေတယ်

သံပုယိုရည်ကို သောက်ပေးတာက လက်သည်းတွေကို သန်မာစေပြီး အလွယ်တကူမကျိုးပဲ့နိုင်တော့ပါဘူး။ ဒါ့အပြင် လက်သည်းမှာ အဖြူရောင်အပွင့်ဖြစ်တာကိုလည်း ကာကွယ်ပေးပါတယ်။

၈။ အရက်သောက်ချင်စိတ်ကိုလျှော့ချပေးခြင်း

အရက်ဖြတ်ချင်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ မနက်ခင်း ဘာမှမစားရသေးတဲ့ အစာအိမ်ထဲကို သံပုယိုရည်တစ်ခွက် သောက်သုံးပေးလိုက်တာဟာ အရက်သောက်ချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။

၉။ Colitis ဖြစ်ခြင်း

Colitis ဆိုတာဘာလဲ။ Colitis ဆိုတာကတော့ ခန္ဓာကိုယ်အတွင်း အက်ဆစ်ဓါတ်နဲ့ အယ်ကာလိုင်းဓါတ် မညီမျှတာကိုဆိုလိုတာပါ။ ဒါ့ကြောင့် မနက်ခင်း အစားအစာခင်မှာ သံပုယိုရည်တစ်ခွက်သောက်သုံးပေးတာဟာ ခန္ဓာကိုယ်အတွင်းလိုအပ်တဲ့PH ပါဝင်မှုနှုန်းကို ညီမျှစေပြီး ရောဂါဖြစ်ပွားမှုကနေ ကင်းဝေးစေပါတယ်။