အရင်နှစ်ပေါင်းများစွာကတည်းက ပျားရည်က ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အများပေးစွမ်းနိုင်တယ်လို့ လူသိများတာကြောင့် ရွှေရောင်အရည်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ သင်တို့ရော အိပ်ရာမဝင်ခင် ပျားရည် သောက်သုံးဖူးပါသလား။ အိပ်ခါနီး ပျားရည်သောက်လိုက်လို့ ဝလာမှာကို စိုးရိမ်နေပါသလား။

အဲ့ဒါဆိုရင်တော့ အဲဒီစိုးရိမ်စိတ်ကို ဖျောက်ဖျက်ပစ်လိုက်ပါ။ အိပ်ရာဝင်ခါနီး ပျားရည်သောက်သုံးခြင်းက ဝိတ်မတက်စေတဲ့အပြင် အခုဖော်ပြပေးမယ့် ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ရရှိခံစားနိုင်ပါသေးတဲ့အတွက်ကြောင့် မျှဝေပေးလိုက်ရပါတယ်နော်။

ကိုယ်အလေးချိန်လျော့ချပေးခြင်း

ပျားရည်ထဲမှာ သကြားဓာတ်ပါဝင်တာကြောင့် အိပ်ရာဝင်ခါနီးစားမယ်ဆိုရင် ဝိတ်တက်လိမ့်မယ်လို့ ယူဆကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ပျားရည်က ခန္ဓာကိုယ်အဆီတွေကို ချေဖျက်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကာ ကိုယ်အလေးချိန် တက်မလားအောင် ထိန်းညှိပေးပါတယ်။ အားကစားသမားများအနေနဲ့ နောက်တစ်နေ့ နိုးထာလာတဲ့အချိန်မှာ အားကစားကောင်းကောင်း ပြုလုပ်နိုင်ဖို့နဲ့ အစားအလွန်အကျွံ မစားမိဖို့အတွက် ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည်သောက်လေ့ရှိကြပါတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေခြင်း

ညဘက်အိပ်ရာဝင်တိုင်း တော်တော်နဲ့ အိပ်မပျော်တဲ့ ဒုက္ခကို ကြုံတွေ့နေရတယ်ဆိုရင် ပျားရည်ကိုသာ သတိရလိုက်ပါ။ ပျားရည် အများကြီးမသောက်ချင်ဘူးဆိုရင်လည်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း သောက်သုံးပေးရုံနဲ့တင်လုံလောက်ပါတယ်။ ညစဉ်ရက်ဆက် အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကတော့ အဆစ်ရောင်ရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ စတဲ့ရောဂါများ အလိုလိုဝင်ရောက်နိုင်ပါတယ်။

အသည်းကျန်းမာရေးအတွက် အထောက်အကူပေးခြင်း

ညအချိန်အခါမှာ လူသားများက အိပ်စက်အနားယူနေပေမယ့် အသည်းကတော့ အားဖြည့်လောင်စာဓာတ်လိုအပ်ပါတယ်။ အသည်းကောင်းစွာ အလုပ်မလုပ်နိုင်ပါက သင့် ကျန်းမာရေးလည်း တဖြည်းဖြည်း ထိခိုက်လာပါလိမ့်မယ်။ ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း မှန်မှန်သောက်သုံးပေးပါက ဦးနှောက်နဲ့ အသည်း ကောင်းစွာ အလုပ်လုပ်နိုင်ဖို့အတွက် လောင်စာဓာတ်ကို ရရှိမှာပဲဖြစ်ပါတယ်။

စွမ်းအင် ပြည့်ဝစေခြင်း

နောက်တစ်နေ့ မနက်နိုးထလာတဲ့အခါ စွမ်းအင်အပြည့်နဲ့ နိုးထလာချင်ပါသလား။ ဒါဆိုရင် ပျားရည်ကို အိပ်ရာမဝင်ခင် သောက်သုံးပေးလိုက်ပါ။ အားကစားမပြုလုပ်ခင်နဲ့ ပြုလုပ်ပီးတဲ့နောက်မှာလည်း အားရှိနေအောင်လို့ ပျားရည် သောက်သုံးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ ကိုယ်ခံစွမ်းအားလည်း မြင့်တင်ပေးတာကြောင့် မကြာခဏ ဖျားနာပြီး နေမကောင်းဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

မီးလောင်ဒဏ်ရာ၊ ထိခိုက်ဒဏ်ရာနဲ့ ဆီပူလောင်ခြင်းတို့ကို ကုသပေးနိုင်တဲ့ အစွမ်းသတ္တိပိုင်ဆိုင်ထားခြင်း

Source: Hydroxycut

သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအနာတရ တစ်ခုခုရှိတဲ့အခါ ထိုအနာပေါ်သို့ ပျားရည်သုတ်လိမ်းပေးပြီးမှ အိပ်ရာဝင်ပါ။ မနက်နိုးလာတဲ့အခါ ဒဏ်ရာ သက်သာလာတာကို မျက်ဝါးထင်ထင်တွေ့မြင်ရပါလိမ့်မယ်။ အရေပြားပေါ်မှာရှိတဲ့ ပြည်တည်နာတွေကိုလည်း ကုသပေးနိုင်ပါသေးတယ်။