ဂျင်းဟာ ကျန်းမာရေးအတွက် လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာ ကတည်းက အသုံးပြုခဲ့ကြတာပါ။ ဂျင်းမှာ မဂ္ဂနီစ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ ဖောစဖော့ရပ်စ် စတဲ့ဓါတ်တွေပါဝင်ပြီး ဗီတာမင်ဓါတ်လည်း များစွာပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ကမ္ဘာနဲ့အဝှမ်းမှာ အသုံးပြုနေကြတာပါ။

ဂျင်းဟာ အစာချေစနစ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့အပြင် အဆစ်နာတာ ရောင်တာတွေကိုလည်း သက်သာစေပါတယ်။

ဂျင်းရည်ကို ဘယ်လိုလုပ်မလဲ

gig

သံပုယိုသီး တစ်ခြမ်း

ဂျင်း (၂ လမအရွယ်ရှိ) ၁ စိတ်

glass-water

ရေ ၃ ခွက်

How-to-check-purity-of-honey-at-home

ပျားရည်

ပြုလုပ်နည်း

ဂျင်းကို အတုံးကြီးကြီး လှီးလိုက်ပါ။ ပြီးရင် ရေ ၃ ခွက်ထည့်ပါ။ သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ထည့်ပါ။ ပျားရည်အနည်းငယ်ထည်ညပါ။ ပြီးရင် သေချာမွှေပါ။ အဲဒါကို အပူရော အအေးပါသောက်နိုင်ပါတယ်။

အပူသောက်ချင်ရင်တော့ ရေနွေး ၃ ခွက်နဲ့ ဖျော်ပေးရမှာပါ။ ဆောင်းတွင်းမှာသောက်မယ်ဆိုရင် ခန္ဓာကိုယ်နွေးနွေးထွေးထွေးရှိစေပါတယ်။ နွေရာသီမှာတော့ ရေခဲထည့်ပြီးသောက်ကြပါတယ်။ ပိုပြီး လန်းဆန်းသွားမယ်။ အဆစ်နာတာတွေရော၊ ခေါင်းကိုက်တာရော၊ အစာမြိုပြွန်ထဲကို အက်စစ်ရည်တွေ ဆန်တက်လို့ အစာအိမ်ပူပြီးနာတာ၊ အောင့်တာ ၊ ဆူးတာ သက်သာစေမှာပါ။