မနက်အိပ်ယာနိုးနိုးချင်း ဘာအစားမှ မစားရသေးခင် ရေ အနည်းဆုံး တစ်ခွက်သောက်ဖို့လိုပါတယ်။  မနက်အိပ်ယာနိုးနိုးချင်း ဘာမှမလုပ်ရသေးခင် ရေသောက်ပေးတာဟာ အသားအရေကို ကြည်လင်လှပစေပြီး ကိုယ်အလေးချိန်လည်း ပုံမှန်ဖြစ်စေပါတယ်။

ဘာကြောင့် မနက်ခင်းမှာ ရေ အဝသောက်သင့်သလဲ။

တစ်ပတ်လောက် အကျင့်လုပ်ပြီး သောက်လိုက်ရင် နောက်ဆို အကျင့်ပါသွားမှာဖြစ်ပေမယ့် လူတိုင်း လိုက်မလုပ်ကြပါဘူး။ ဒါပေမယ့် လိုက်လုပ်ကြည့်သင့်ပါတယ်။ ပုံမှန်လုပ်ပေးရင် ဘယ်လိုအကျိုးကျေးဇူးရှိမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ သင့်ကို ပိုပြီး လန်းဆန်း ကျန်းမာစေတယ်။

မနက်စာမစားခင် ရေသောက်ပေးမယ်ဆိုရင် သင့်ကို ပိုပြီး ပေါ့ပါးလန်းဆန်းစေသလို ခန္ဓာကိုယ်အတွင်းက အဆပိအတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၂။ ဇီဝဖြစ်စဉ်တိုးတက်လာမယ်

နေ့တိုင်း ပုံမှန်လုပ်ပေးရင် ဇီဝဖြစ်စဉ်ကို တိုးတ်ကကောင်းမွန်စေပြီး အားအင်ပြည့်ဝနေစေပါတယ်။

၃။ ကိုယ်အလေးချိန်ကျဖို့ ကူညီပေးတယ်

ရေများများသောက်ပေးခြင်းအားဖြင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်အလေးချိန် ကျဖို့ အကူအညီဖြစ်စေပါတယ်။

၄။ အသားအရေ လှပကြည်လင်လာစေတယ်

သင့်အသားအရေကို စိုပြေလာစေပြီး ကြည်လင်လာစေပါတယ်။ မျက်နှာပေါ်မှာလည်း အရေးကြောင်းတွေ ကင်းစင်စေပြီး သင့်ကို ကျန်းမာစေပါတယ်။

၅။ ဆံကေသာအတွက်လည်း ကောင်းမွန်တယ်

ရေအလုံအလောက်မသောက်ရင် သင့်အသားအရေကို သာမက သင့်ဆံကေသာကို လည်းခြောက်သွေ့စေပါတယ်။ မနက်စောစော ရေသောက်ပေးတာဟာ သင့်ဆံကေသာအတွက်လည်းကောင်းမွန်ပါတယ်။

၆။ ဆီးလမ်းကြောင်းအတွက်လည်းကောင်းမွန်တယ်

မနက်စောစော ရေသောက်ပေးကြည့်ရင် သိပါလိမ့်မယ်။ တအောင့်လောက်နေရင် အပေါ့သွားတာ၊အလေးသွားတာမျိုး လုပ်တတ်တာကြောင့် ဆီးဝမ်းလေမှန်စေပါတယ်။

၇။ ဖျားနာတာမျိုး မဖြစ်စေဘူး

မနက်စောစော ရေသောက်ပေးတာဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေသလို ကူးစက်ရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးလို့ ဖျားနာတာမျိုး အလွယ်တကူမဖြစ်စေပါဘူး။

မနက်စောစော အိပ်ယာနိုးနိုးချင် သွားမတိုက်ခင် ရေ ၄ ခွက်သောက်ပေးပါ။ ၄ ခွက်မသောက်နိုင်ရင် ၁ ခွက်အပြည့်သောက်ပါ။ ၄၅မိနစ်ကြာတဲ့ထိ အစာမစားသေးပါနဲ့။ ရေသောက်ပြီး ၄၅ မိနစ်နေရင် မနက်စာစားနိုင်ပါတယ်။