Green Tea အထုပ်ကို သောက်ပြီးတိုင်း လွှင့်ပစ်တတ်လေ့ရှိလား။ ဒီလိုနေရာတွေမှာ ထပ်သုံးလို့ရတယ်ဆိုတာသိရင် သေချာပါတယ်။ အလှအပကိုချစ်မြတ်နိုးတဲ့ စာဖတ်သူတွေတော့ သိပ်ကိုသဘောကျသွားမှာပါ။

နေလောင်ကွက်

Green Tea ထုပ်တွေဟာ မျက်နှာနဲ့ ခန္တာကိုယ်က နေလောင်ကွက်တွေကို ပျောက်ကင်းစေပါတယ်။

အသုံးပြုပြီးသား လက်ဖက်ထုပ်ထဲက လက်ဖက်တွေကို ရေနွေးနည်းနည်းနဲ့ ထပ်စိမ်ပြီး အဲဒီအရေကို လိမ်းပေးပါ။

ဒါမှမဟုတ် လက်ဖက်အိတ်ကို ရေခဲသေတ္တာထဲထည့် အအေးခံပြီး နေလောင်တဲ့နေရာတွေမှာ ကပ်ထားပေးပါ။

မျက်ကွင်းညိုတာ (သို့) မျက်ကွင်းရောင်တာ

မျက်ကွင်းညိုတာ မျက်ကွင်းရောင်တာတွေအတွက် လက်ဖက်အိပ်ကို အသုံးပြုလို့ရပါတယ်။ ကိုရေနွေးကြမ်းသောက်ပြီးသွားရင် လက်ဖက်အိတ်ကို အအေးခံပြီး မျက်လုံးပေါ်ကပ်ကာ တစ်ညလုံးထားအိပ်ပါ။

မျက်နှာပေါ်မှာ လိမ်းမယ်

လက်ဖက်အိတ်ထဲက လက်ဖက်သားကိုထုတ်ပြီး ခွက်တစ်လုံးထဲထည့်ထားပါ။ ပြီးရင် သကြားနဲ့ ပျားရည်နည်းနည်းရောလိုက်ပါ။ အဲဒီနောက် သေချာမွှေပေးပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်လောက်လိမ်းပေးထားပါ။ ပြီးရင် ရေနွေးနဲ့ မျက်နှာသစ်ပါ။

တခြားအသုံးပြုလို့ရတဲ့နည်းလမ်းတွေလည်းအများကြီးရှိပါသေးတယ်။ စာဖတ်သူတို့ ပျင်းသွားမှာစိုးလို့ နောက်နေ့တွေမှာ တင်ပေးသွားမယ်နော်။