တခါတလေမှာ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေရဲ့ ကြက်သွန်နီအခွံ၊ ဖရုံသီးခွံနဲ့ လိမ္မော်ခွံတို့လို တကယ့်အာနိသင်ရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရာတွေကိုမှ လွင့်ပစ်မိကြပါတယ်။ ကြက်သွန်နီရဲ့ အာနိသင်ကိုတော့ လူတိုင်းသတိထားမိပြီး ကြက်သွန်နီကို စားသုံးကြပေမဲ့ ကြက်သွန်နီအခွံရဲ့ အာနိသင်ကိုတော့ သတိမထားမိကြပါဘူး။

16750264947_13b5097c39

နောက်ဆုံးပြုလုပ်ထားတဲ့ သုတေသနပြုချက်အရ ကြက်သွန်နီအခွံမှာ ဓါတ်တိုးဆန့်ကျင်တဲ့ဓါတ် Antioxidant နဲ့ ရောင်ရမ်းမှုကို ပျောက်ကင်းစေတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်တဲ့။ ဒီတော့ ကြက်သွန်နီကိုစားပြီးရင် အမှိုက်ရှုပ်ခံပြီး ဘာလို့ လွှင့်ပစ်နေမှာလဲ။

ကြက်သွန်နီအခွံရဲ့ အာနိသင်များ

0152

  • ကိုလက်စထရောနဲ့ သွေးတိုးကျစေခြင်း
  • ဓါတ်မတည့်တာကို ပျောက်ကင်းစေခြင်း
  • ရောင်ရမ်းမှုကို သက်သာစေခြင်း
  • ကြွက်သားကြီးထွားမှုကို ထောက်ပံ့ပေးခြင်း
  • စိတ်ကျရောဂါကို ကုသပေးခြင်း
  • ကင်ဆာနဲ့ တခြားရောဂါတွေကို သက်သာစေခြင်း

ဘယ်လိုသုံးမလဲ

16750264947_13b5097c39

ကြက်သွန်ခွံကို စားသုံးပေးရမှာတော့မဟုတ်ပါဘူး။ ကြက်သွန်နီရဲ့ အခွံကို စွပ်ပြုတ် (သို့) ဟင်းချိုထဲမှာ ထည့်ပြီး ကြိုချက်ပေးပါ။ ပြီးရင် ဖယ်ရှားပေးရမှာဖြစ်ပါတယ်။

ကြက်သွန်နီအခွံကို ရေနဲ့ရောပြီး ဝဲနဲ့ ယားနာတဲ့နေရာမှာ လိမ်းပေးနိုင်သလို တခြားအရေပြားပြဿနာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။