ညညဆို ကောင်းကောင်းအိပ်မပျော်တဲ့ MyHealth ပရိတ်သတ်ကြီးတွေအတွက် အခုပြောပြပေးချင်တာကတော့  အလုပ်တွေအရမ်းများတဲ့ သူတွေဆိုရင် ညဘက်တွေမှာကောင်းကောင်း အိပ်ပျော်နိုင်ဖို့က အရေးကြီးတဲ့အရာတစ်ခုပါပဲ။ ကောင်းကောင်းအိပ်ပျော်စေဖို့အတွက်ဆိုရင် သင်အိပ်တာကို အနှောက်အယှက်ဖြစ်စေမယ့် အရာမျိုးတွေကိုရှောင်နိုင်ဖို့က အရေးကြီးပါတယ်။ အခန်းထဲကနေဒီအရာတွေ ထုတ်လိုက်နိုင်ရင်တော့ အကောင်းဆုံးပါပဲပေါ့နော်။

အီလက်ထရောနစ်ပစ္စည်းများ

တချို့တွေကတော့ အိပ်ခန်းထဲမှာအပန်းဖြေရင်းနဲ့ကြည့်ဖို့အတွက် TV တွေ၊ Laptop တွေကိုထားတတ်ကြပါတယ်။ ဒါက အိပ်မပျော်တတ်တဲ့သူတွေ အတွက်တော့ မှားယွင်းမှုပါပဲ။ လူတိုင်းကတော့ ကိုယ့်ရဲ့နားချိန်လေးတွေမှာ အင်တာနက်လေးသုံးမယ်၊ ရုပ်ရှင်တွေကြည့်တာမျိုးတွေ လုပ်ချင်မှာပေါ့။ ဒါတွေကို အိပ်ခန်းထဲမှာထည့်ထားမယ်ဆိုရင် တော်တော်နဲ့အိပ်မပျော်စေတော့ပဲ အိပ်ချိန်တွေကိုလည်း လျော့နည်းလာစေမှာပါ။

အလုပ်နဲ့ပတ်သက်တာတွေ

အဓိကကတော့ LapTop ပေါ့။ လူတစ်ယောက်မှာပျော်ရွှင်ရတဲ့ ဘဝမျိုးကိုပိုင်ဆိုင်ရဖို့အတွက်ဆိုရင် အလုပ်ချိန်နဲ့ ကိုယ်ပိုင်ချိန်တွေကို သီးခြားဖြစ်အောင်ခွဲထားတတ်ဖို့က အရေးကြီးပါတယ်။ အိပ်ခန်းထဲမှာအလုပ်နဲ့ ပတ်သက်နေတဲ့ အရာမျိုးတွေကို ထည့်ထားမယ်ဆိုရင် အလုပ်အတွက်ပဲစိတ်ရောက်ပြီး အိပ်ချိန်တွေကိုလည်း အနှောက်အယှက်ဖြစ်စေမှာပါ။

မျက်စိရှုပ်စရာကောင်းတဲ့အရာမျိုးတွေ

အိပ်ခန်းထဲမှာ မျက်စိရှုပ်ပြီးစိတ်အနှောက်အယှက်ဖြစ်စေတဲ့ အရာမျိုးတွေကို မထားတာကကောင်းဆုံးပဲဖြစ်ပါတယ်။ ပန်းချီကားတွေ အများကြီးချိတ်ထားတာ၊ ဓာတ်ပုံတွေနံရံမှာ ကပ်ထားတာမျိုးတွေက စိတ်ကိုရှုပ်စေပြီး အိပ်ပျော်တာတွေကိုလည်း အနှောက်အယှက်ဖြစ်လာ စေနိုင်ပါတယ်။

ရှုပ်ပွနေတဲ့အခန်းမျိုး

တကယ်တော့ အိပ်ခန်းဆိုတာ စိတ်ရှုပ်စရာတွေနဲ့၊ ပင်ပန်းနွမ်းနယ်မှုတွေကို ပျေပျောက်စေဖို့အတွက် အကောင်းမွန်ဆုံးနေရာတစ်ခုပါ။ ဒါကို အိပ်ခန်းထဲမှာ သင်မသိမ်းချင်လို့ ပြစ်ထားတဲ့ပစ္စည်းတွေကြောင့် အခန်းကရှုပ်ပွပြီး စိတ်အနှောက်အယှက်ဖြစ်စေပြီး သင့်ကိုအိပ်ပျော်ဖို့ခက်ခဲစေတာပေါ့။

အလင်းရောင်နည်းအောင်

အခန်းထဲမှာရှိနေတဲ့ အလင်းရောင်ကလည်း အရမ်းကြီးမလင်းတဲ့အလင်းမျိုးဖြစ်ဖို့က အရေးကြီးပါတယ်။ အရမ်းလင်းနေတဲ့အခန်းထဲမှာဆိုရင် မျက်စိကို ကြောင်သွားပြီး အိပ်ပျော်တာလည်းနောက်ကျတတ်တာပေါ့။

Photo Source: Pinterest

Source; Brightside