အဆစ်အမြစ်ရောင်တဲ့ ရောဂါ (Gout) က အဆစ်တွေမှာ ပြင်းထန်စွာ ကိုက်ခဲမှုကို ခံစားရတဲ့ ရောဂါတမျိုးပါ။

ဒီလို ရောဂါခံစားရသူတွေ တစ်ခါတရံ သည်းမခံနိုင်လောက်အောင် နာကျင်မှုတွေခံစားရတာကြောင့် အမြဲတမ်း ဆေးကုသမှု ခံယူနေရပါတယ်။

ဒါပေမယ့် ဒီလို ရောဂါဝေဒနာတွေကို သဘာဝနည်းလမ်းဖြင့် သက်သာ ပျောက်ကင်းနိုင်ပါတယ်။

၁။ သခွားသီး ဖျော်ရည်

cucumber-mocktail-630x315

သခွားသီး ၉ ကျပ်သားကျော် (150 grams) ကို လှီးပြီး အရည်ညစ်ထုတ်လိုက်ပါ။ ရလာတဲ့ အရည်ကို ရေဖန်ခွက်တစ်ခွက်စာရောပြီးထည့်ပါ။

နနွင်း ၄ ကျပ်သားလောက်ကို ထည့်ပါ။အဲဒီဖျော်ရည်ကို နေ့တိုင်း နေ့လည်စာမစားခင်သောက်သုံးပါ။

၂။ တရုတ်နံနံ ဖျော်ရည်

drink-parsley-juice

တရုတ်နံနံ ကို ရေစင်အောင် ဆေးပြီး ရေပွက်ပွက်ဆူနေတဲ့ ရေနွေး ၁ လီတာထဲမှာ မွှေပါ။

၎င်းကို မီးဖိုပေါ်မှာ မီးအေးအေးနဲ့ မိနစ် ၂၀ လောက်ထားပြီး အရည် အနည်းငယ်ဘဲ ကျန်အောင်လုပ်ပါ။

ရရှိလာတဲ့ ဖျော်ရည်အနည်းငယ်ကို အအေးခံပြီး ထမင်းမစားခင် သောက်သုံးနိုင်ပါတယ်။

၃။ နနွင်း

detoxinistas_immune_boosting_carrot_ginger_juice_with_a_twist_2_640_526_84auto

နနွင်း လက်ဘက်ရည်ဇွန်း ၁ ဇွန်းကို နို့တစ်ခွက်ထည့်ထဲပြီး အရသာ ကောင်းစေဖို့ ပျားရည်အနည်းငယ်ပါ ထပ်ထည့်ပါ။အဲ့ဒါတွေအားလုံးကို မွှေလိုက်ပြီး တစ်ပတ်ကို ၃ ကြိမ်သောက်ပေးပါက ရောဂါ တဖြည်းဖြည်းသက်သာလာပြီး ပျောက်ကင်းသွားမှာပါ။