အသီးရဲ့ ပုံစံက ကြယ်ပုံလေးရှိလို့ Star Fruit ကြယ်သီးလို့လည်းခေါ်ကြတဲ့ စောင်းလျားသီးကို စာဖတ်သူတို့ သိကြမှာပါနော်။

အဝါရောင်အစင်းရှိပြီး ချိုချဉ်အရသာလေးရှိတဲ့ ဒီအသီးက ကယ်လိုရီမပါတဲ့အသီးဖြစ်ပြီး Antioxidant ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B၊C၊ ဖောလိတ်အက်ဆစ်နဲ့ တခြားကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကွန်ပေါင်းဒြပ်တွေ အများအပြား ပါဝင်နေပါတယ်။

သွေးဖိအားကို ထိန်းညှိပေးနိုင်ခြင်း

ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝလို့ သွေးဖိအားတက်တာကို အကောင်းဆုံး လျှော့ကျစေပါတယ်။ ဒီအသီးကိုပုံမှန်စားပေးမယ်ဆိုရင်တော့ သွေးဖိအားတက်တာကို ထိထိရောက်ရောက် ထိန်းထားပေးနိုင်မှာပါ။

ကိုလက်စထရော ကျဆင်းစေခြင်း

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့ စောင်းလျားသီးက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးတွင်းကိုလက်စထရောများတာဟာ နှလံးသွေးကြောဆိုင်ရာရောဂါကိုဖြစ်ပွားစေပါတယ်။ ဒါ့ကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျှော့ချပြီး နှလုံးရောဂါကို ကာကွယ်လိုက်ရအောင်ပါ။

ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

benefits-of-basil-improve-your-immune-system

ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

အိပ်မပျော်ခြင်းကိုကုသပေးပြီး အိပ်ရေးဝစေခြင်း

စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်ပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ ဒီအစားကိုစားပေးရင် အိပ်မပျော်တဲ့ဝေဒနာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အစာချေစနစ်ကောင်းမွန်စေခြင်း

digestive-system-04

အမျှက်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပြီး ရေဓါတ်လည်းပါဝင်လို့ အူမကြီးကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် တခြား အစာချေလမ်းကြောင်း ဆိုင်ရာ ပြဿနာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

အသားအရေအတွက်ကောင်းမွန်ခြင်း

စောင်းလျားသီးမှာ Flavonoid ဓါတ်ကြွယ်ဝစွာပါဝင်ပြီး အရေပြားရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်အတွက်ကောင်းမွန်ခြင်း

ဗီတာမင်B9 ပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထူးကောင်းမွန်ပါတယ်။ သန္ဓေသားဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်။

ဆီးချိုထိန်းချုပ်ပေးခြင်း

benefits-of-basil-lower-blood-sugar

ဆီးချိုဝေဒနာရှင်တွေအတွက် စားဖို့သင့်တော်တဲ့ အသီးထဲမှာ စောင်းလျားသီးပါဝင်ပါတယ်။ သကြားဓါတ်ပါဝင်မှုနည်းပြီး အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ ဆီးချိုကိုထိန်းချုပ်ပေးပါတယ်။

မျက်လုံးကျန်းမာရေးကို တိုးတက်စေခြင်း

ဗီတာမင် A ကြွယ်ဝစွာပါဝင်လို့ မျက်လုံးကျန်းမာရေးကို တိုးတက်စေပါတယ်။

သတိပြုရန်၊ ကျန်းမာရေစအတွက် အကျိုးကျေးဇူးများစွာရှိနေပေမယ့် ကျောက်ကပ်ဝေဒနာခံစားနေရသူတွေတော့ မစားသင့်ပါဘူး။ Oxalic အက်တစ်ပါဝင်လို့ ဘေးထွက်ဆိုးကျိုးဖြစ်စေပါတယ်။