မှတ်ဉာဏ်စွမ်းရည်တိုးတက်စေဖို့အတွက် သဘာဝဖျော်ရည်ပြုလုပ်နည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ သွေးကြောတွေကိုလည်းသန့်စင်ပေးပြီး အူကိုသန့်စင်စေမယ့်အပြင် အသားအရေကို ကျန်းမာစေမှာဖြစ်ပါတယ်။

၁။ ပါဝင်ပစ္စည်း

Source: Archana’s Kitchen

ဘလူးဘယ်ရီ ၁ ခွက်

ငှက်ပျောသီး ၁ လုံး

ပါဝင်ပစ္စည်း ၂ မျိုးကို ရေနည်းနည်းနဲ့ ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ ပြီးရင် အရသာအတွက် ပျားရည်နည်းနည်းထည့်ပါ။

ဦးနှောက်ကျန်းမာစေဖို့ မှတ်ဉာဏ်တိုးတက်စေဖို့ အတွက် ဒီဖျော်ရည်သောက်ပေးပါ။

၂။ ပါဝင်ပစ္စည်း

Source: Just a Little Bit of Bacon

အတုံးသေးသေးလေးလှီးထားတဲ့ သင်္ဘောသီး တစ်ခွက်

မက်မွန်သီး ၁ ခွက်

သစ်တော်သီး တစ်ခြမ်း

ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းအားလုံးကို ရေနည်းနည်း ပျားရည်နည်းနည်းနဲ့ ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။

ဒီဖျော်ရည်ကတော့ အူလမ်းကြောင်းကို သန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။

၃။ ပါဝင်ပစ္စည်း

Source: Jessica Gavin

ငှက်ပျောသီး ၂ လုံး

လတ်ဆတ်တဲ့ လိမ္မော်ရည် ၂ခွက်

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

Vanilla လက်ဖက်ရည်ဇွန်း တစ်ဝက်

ပါဝင်ပစ္စည်းအားလုံးကို ရေနည်းနည်းထည့်ပြီး ဖျော်စက်ထဲထည့်ဖျော်လိုက်ပါ။ သွေးကြောတွေကို သန့်စင်ပေးပြီး သွေးဖိအားကို ထိန်းချုပ်ပေးနိုင်မှာဖြစ်ပါတယ်။