ကျန်းမာရေးနဲ့ပတ်သက်လာရင် လူတိုင်းနီးပါးက ဖြစ်ပေါ်လာတဲ့အကြောင်းအရင်းတွေကို သေချာမသိကြသေးတာက များပါတယ်။ ဒါကလည်း စာဖတ်မှုအားနည်းတာကြောင့် ဗဟုသုတလည်းနည်းလာတာပေါ့။ ဆိုလိုချင်တာက မကြာခဏဆိုသလို အိပ်ချင်နေရတာက အိပ်ရေးမဝနေတာကြောင့် တစ်ခုထဲမဟုတ်ပဲ တစ်ခြားပြဿနာတွေလည်း ရှိနေသေးတာကြောင့်ဆိုတာကို သိထားဖို့လိုပါတယ်နော်။

စိတ်ဓာတ်ကျနေခြင်း

စိတ်တွေညစ်နေရတဲ့အချိန်မှာ လူတိုင်းကပင်ပန်းသလို၊ စိတ်မကြည်လင်သလို၊ နေမကောင်းချင်သလိုဖြစ်တာမျိုးတွေကို ခံစားရတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အိပ်ချင်စိတ်တွေပဲဖြစ်နေပြီး ဦးနှောက်ရောလူရောပင်ပန်းနေတာမျိုးကို ကြုံတွေ့ရနိုင်ပါတယ်

အားကစားလုပ်မှုနည်းခြင်း

ခါးဘေးကအဆီတွေကျစေမယ့် လေ့ကျင့်ခန်း (၅) မျိုး

လူတစ်ယောက်ကျန်းမာရေး လိုက်စားမှုနည်းနေတဲ့အခါမျိုးတွေမှာ လန်းဆန်းတက်ကြွမှုတွေမရှိတော့ပဲ အမြဲတမ်း အိပ်ချင်စိတ်တွေပဲ ဖြစ်နေတော့မှာပေါ့။ လေ့ကျင့်ခန်းတွေကောင်းကောင်းလုပ်တဲ့အခါမှာ ခန္ဓာကိုယ်အတွက် အားတွေဖြစ်စေပြီး တစ်နေ့လုံးလန်းလန်းဆန်းဆန်းနဲ့ နေနိုင်မှာပါ။

ရေသောက်နည်းခြင်း

ရေသောက်တာနည်းတာကလည်း ပြဿနာတစ်ခုပဲနော်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်ဝစွာမရှိနေတာက ကိုယ်တွင်းသွေးလှည့်ပတ်မှုတွေကို မမှန်စေတော့ပဲ ပင်ပန်းနေသလိုပဲခံစားနေရစေတော့မှာပေါ့။ ရေများများသောက်တာက ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝနေစေပြီး လန်းဆန်း တက်ကြွစေနိုင်ပါတယ်နော်။

အာဟာရဓာတ်ချို့တဲ့နေခြင်း

အစားစားတဲ့အခါတွေမှာ မျှတတဲ့စားသောက်မှုစနစ်ကို မလေ့ကျင့်တဲ့အခါမှာတော့ အလွယ်တကူကိုယ်ခံအားကျဆင်းပြီး ပင်ပန်းနွမ်းနယ်နေစေတတ် တာကြောင့် မျှတတဲ့အဟာရမျိုးရရှိအောင် အစားစားတွေကို ကျန်းမာရေးနဲ့သင့်တော်အောင် စားပေးဖို့တော့လိုပါတယ်နော်။