စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်နိုင်တဲ့ ပြဿနာတစ်မျိုးပါ။ စဖြစ်ဖြစ်ချင်းမှာ မသိတာပေမယ့် နောက်ပိုင်းမှာ ကိုယ်ရော စိတ်ပါ အန္တရာယ်ပေးနိုင်တဲ့ ရောဂါကြီး ဖြစ်လာတတ်ကြပါတယာ်။ စိတ်ဖိစီးမှု နည်းနေချိန်မှာ လျော့ချဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ကိုယ်စိတ်ဖိစီးမှု များနေပြီဆိုတာကိုပြသနေတဲ့ လက္ခဏာရပ်များကို ဝေမျှချင်ပါတယ်။

ဆံပင်တွေ ကျွတ်လာမယ်

ချီကာကိုမြို့ရဲ့ အရေးပြားဆိုင်ရာ ခွဲစိတ်မှု ဆေးခန်း တည်ထောင်သူ ဒေါက်တာ ကာရိုလင်း ဂျက်ကော့ က အများအားဖြင့် တစ်နေ့ကို ဆံပင်ပေါင်း အချောင်း ၁၀၀ လောက်ပုံမှန်ကျွတ်လေ့ရှိပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် လူတော်တော်များများက သတိမထားမိကြပါဘူး။

စိတ်ဖိစီးမှုက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်တာကြောင့် ဆံပင်တွေ ပိုကျွတ်လာကြပါတယ်။

ကိုယ်အလေးချိန် ပုံမှန်မရှိ

စိတ်ဖိစီးမှုကြောင့် ကိုယ်အလေးချိန်က ပုံမှန်မရှိဘဲ၊ ပိုပိန်လာတာ၊ ဝလာတာတွေဖြစ်တတ်ပါတယ်။ စားချင်သောက်ချင်စိတ်တွေနည်းလာတာကြောင့် ပိုပိန်လာတတ်ပြီးဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်မဟုတ်တော့တာကြောင့် ကိုယ် အလေးချိန် တက်လာ တတ်ပါတယ်။

စိတ်လှုပ်ရှားပြီး ဂနာမငြိမ် ဖြစ်

စိတ်ထဲမှာနေရ ထိုင်ရသာ မသက်မသာဖြစ်နေ၊ စိတ်လှုပ်ရှား၊ ဂနာမငြိမ်ဖြစ်နေတာလည်း စိတ်ဖိစီးမှုရဲ့ လက္ခဏာတွေဘဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဖိစီးမှုဖြစ်နေတဲ့ ပြဿနာကို သေချာ ရင်ဆိုင် ဖြေရှင်းသင့်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးရွားနိုင်ပါတယ်။

စိတ်မရှည်ဖြစ်လာ

နေ့စဉ်နဲ့ အမျှ ကြုံတွေ့နေရတဲ့ ပြသနာတွေများလာတဲ့အခါမှာ သည်းခံနိုင်တဲ့စိတ်တွေ လျော့နည်းလာပါတယ်။ အဲ့ဒီအပြင် ကိုယ့်ဘေးနားမှာရှိတဲ့သူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို သည်းမခံနိုင်၊ ဒေါသထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။

အိပ်တာနဲ့ပတ်သက်ပြီး ပြဿနာဖြစ်လာ

စိတ်ဖိစီးမှု အရမ်းများနေရင် ညအိပ်မပျော်တာတို့၊ ညအိပ်ပျော်ရဲ့သားနဲ့ နာရီတော်တော်များများ အိပ်ထားရဲ့သားနဲ့ ပင်ပန်းနေတာတွေကို ခံစားရပါလိမ့်မယ်။ သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုနဲ့ အမြဲ တိုက်ခိုက်နေရတာကြောင့် ပင်ပန်းနေပါလိမ့်မယ်။

ဒါကြောင့် စိတ်ဖိစီးမှုကို ဖယ်ရှားနိုင်အောင် တရားထိုင်ခြင်း၊ စိတ်ဖိစီးမှု လျော့နည်အောင် ကူညီပေးတဲ့ အစားအစာများ စားခြင်း၊ အားကစားစားခြင်း နဲ့ ယောဂ ကစားခြင်းတို့ကိုလည်းလုပ်ဆောင်လို့ရပါတယ်။

အလုပ်အကြောင်းကို တချိန်လုံးတွေးနေမယ်

စိတ်ဖိစီးမှုတွေ များနေရင် အလုပ်အကြောင်းကို တစ်ချိန်လုံး တွေးဖြစ်နေပြီး ကိုယ့် ဦးတည်ချက်တွေနဲ့ ငွေကြေးဆိုင်ရာကို တစ်ချိန်လုံးတွေးကာ ပူပန်နေပါလိမ့်မယ်။ ဒီလို အခြေအနေမျိုးကို စိတ်ကို သက်တောင့်သက်သာ ထားကာ စိတ်ဖိစီးမှုအတွက် အဖြေရှာသင့်ပါတယ်။

ကိုယ်က ပြဿနာအကြောင်း တစ်ချိန်လုံး တွေးနေရင် ကိုယ့်အခြေအနေကို ပိုဆိုးလာဖို့ဘဲ ရှိပါတယ်။ ဒါက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားဖို့ကို ဦးတည်နေပါတယ်။ ဒါကြောင့် အပြောင်းအလဲ တွေဖြစ်လာရင် စိတ်အေးအေးထားပြီး ရင်ဆိုင်ပါ။ အလုပ်ကိုလည်း သိပ်စိတ်မပူပါနဲ့။ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါ။