မျက်လုံးအောက်က ဝက်ခြံတွေ၊ အရေးအကြောင်းတွေ၊ အမာရွတ်တွေနဲ့ မျက်ကွင်းညိုတာတွေက ဘယ်သူမဆိုအတွက်တော့ အိပ်မက်ဆိုးတွေလိုပါပဲ။ ဒီလိုပြဿနာတွေက ကိုယ့်မျက်နှာရဲ့အလှအပကို ဖျက်ဆီးပစ်ရုံသာမက အသားအရေကိုလည်း ပျက်စီးစေပါတယ်။

မိတ်ကပ်ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းအများကြီးရှိပေမယ့်လည်း ဈေးကြီးပေးဝယ်ရကာ ဓာတုပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးတွေအကုန်အကျခံမယ့်အစား မီးဖိုချောင်မှာရှိတဲ့ နနွင်းကိုပဲအသုံးပြုကြည့်ရအောင်။

နနွင်းက Free-radical ပျက်စီးမှုတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပြီး အပြစ်အနာအဆာမရှိတဲ့ အသားအရေကို ရရှိစေပါတယ်။

ပါဝင်ပစ္စည်းများ

နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း မှ ၃ ဇွန်း

ဒိန်ချဉ် – စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည်အကြမ်း – စားပွဲတင်ဇွန်း ၁ ဇွန်း

အုန်းဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တိုင်းတာသည့်ဇွန်းများ၊ ပန်းကန်လုံးအကြီး

ပြင်ဆင်ပုံအဆင့်ဆင့်

၁။ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းကို ပန်းကန်လုံးထဲထည့်ပေးပါ။

၂။ ထိုပန်းကန်လုံးထဲကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ပျားရည်အကြမ်းကို ထည့်သွင်းပါ။

၃။ ဒါ့အပြင် အုန်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုလည်း ထည့်ပေးပါ။

၄။ နောက်ဆုံးအနေနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း မှ ၃ ဇွန်း ကို ပေါင်းထည့်ပါ။

၅။ ပြီးလျှင် ပါဝင်ပစ္စည်းအကုန်လုံးကို ပျစ်နှစ်သည်အထိ ရောမွှေပေးပါ။

ဘယ်လိုအသုံးပြုရမလဲ

ဦးစွာအနေနဲ့ မျက်နှာကိုသေချာသစ်ပြီး ပြောင်စင်အောင် ဖြည်းဖြည်းချင်း သုတ်ပေးပါ။

နနွင်းပေါင်းတင်အနှစ်ကို လက်ချောင်းလေးတွေ သို့မဟုတ် မိတ်ကပ်ဘရက်ရှ်ကို အသုံးပြုပြီး မျက်နှာမှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ခန့် ကြာအောင် ထားပြီးရင် ကြက်သီးနွေးထရုံမျှ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ တပတ်မှာ တစ်ကြိမ်လုပ်ဆောင်ပေးမယ်ဆိုရင် ကြည်လင်ရှင်းသန့်တဲ့ မျက်နှာလေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါပြီ။