ကျွန်မတို့အများစုက အလုပ်ကပြန်လာပြီးရင် နောက်တစ်နေ့ဘာလုပ်ရမလဲဆိုတာကို စဉ်းစားကြတယ်။အဲဒီအထိ ကျွန်မတို့အဆင်ပြေနေပါသေးတယ်။ ဒါပေမယ့် မကြာခဏအလုပ်ရဲ့ဖိအားတွေကို အမြဲတိုက်ခိုက်နေရမယ်ဆိုရင် ကျွန်မဆီကို စိတ်ဖိစီးမှုကမသိမသာ ခိုးဝင်လာပါလိမ့်မယ်။ အဲ့လိုအချိန်တွေမှာဆို သင်ခဏအနားယူဖို့ လိုသည့်ရုပ်ပိုင်းဆိုင်ရာလက္ခဏာများကို ပြလာပါလိမ့်မယ်။
ဒီဆောင်းပါးကနေပြီး ကျွန်မတို့ မကြာခဏဖြစ်ပေါ်တဲ့အနားယူဖို့လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏများအကြောင်းကို ပြောပြချင်ပါတယ်။

၁။ခေါင်းကိုက်ခြင်း

ခေါင်းကိုက်၊ အားနည်းပြီး ညအိပ်မပျော်ရင် ဒါတွေ စားပါ

သင့်ခေါင်းမှာ အဆင်မပြေခံစားရလရင် ၎င်းက အနားယူရန်လိုတယ်လို့ သင့်ခန္ဓာကိုယ်က အချက်ပြတယ်။ အလုပ်များလွန်းခြင်းက သင်ရဲ့ ဦးခေါင်း၊ လည်ပင်းနဲ့ မျက်လုံးများတွင် နည်းနည်းနာကျင်တာနဲ့ပြင်းထန်သောနာကျင်မှုများကိုဖြစ်ပေါ်စေတယ်။အဲဒါအပြင် ကြီးမားတဲ့စိတ်ဖိစီးမှုအဆင့်က ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

၂။အစာခြေပြဿနာဖြစ်ခြင်း

သင့်ဦးနှောက်က ကြာရှည်စွာအလုပ်လုပ်တဲ့အခါ သင်ရဲ့အစာခြေလမ်းကြောင်းကအများဆုံးခံရပါတယ်။တကယ်တော့ ဒါဟာထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ရောဂါကြီးတခုကို မြုပ်နှံထားသလိုဖြစ်စေပါတယ်။ဒီအခြေအနေရဲ့အဖြစ်များဆုံးအကျိုးဆက်မှာ အူသိမ်အူမကြီးရောဂါလက္ခဏာများဖြစ်ပြီး အစာအိမ်ထဲမှာ ပူလောင်ပြီး နာကျင်စေပါတယ်။


၃။မကြာခဏအအေးမိခြင်း

စိတ်ဖိစီးမှုက သင်ရဲ့နှလုံးခုန်နှုန်းကိုတိုးစေပြီး သွေးလည်ပတ်မှုကိုမြန်စေပါတယ်။ ၎င်းနဲ့အတူ သွေးပေါင်ချိန်တိုးခြင်းတို့က ကိုယ်ခံစွမ်းအားပြဿနာများဖြစ်စေနိုင်ပြီး ကျွန်မတို့အားအအေးမိခြင်းကိုမကြာခဏဖြစ်စေတယ်။

၄။ကိုယ်အလေးချိန်တက်ခြင်း

ပြင်းထန်သောစိတ်ဖိစီးမှုများက မကြာခဏကိုယ်အလေးချိန်တက်စေပါတယ်။ ၎င်းတွင် cortisol ဟော်မုန်းများပြားခြင်းကြောင့် အစာစားချင်စိတ်ကိုဖြစ်စေပါတယ်။ သင်ရဲ့အစားအစာများတွင် ရိုးရှင်းသော carbs များစုဆောင်းခြင်းက ကိုယ်အလေးချိန်တက်စေပါတယ်။

၅။အစာအိမ်နာခြင်း

သင်စိတ်ဖိစီးမှုခံရတဲ့အခါသင်ရဲ့ အစာခြေစနစ်ကျဆင်းစေကြောင်းကို အပေါ်မှာပြောပြထားပြီးသားဆိုတော့ အဲဒီဟာရဲ့ အကျိုးဆက်ကလည်း အစာအိမ်နာခြင်းကိုဖြစ်စေပါတယ်။


၆။ပင်ပန်းနွမ်းနယ်ခြင်း

အကယ်လို့ သင်မတ်တပ်ရပ်နေပေမယ့်အိပ်ပျော်သွားမှာကို မနည်းရုန်းကန်နေရပြီး အမြဲတမ်းပင်ပန်းနွမ်းနယ်နေပါက အလုပ်အရမ်းဖိစီးနေပြီဆိုတဲ့လက္ခဏဖြစ်တယ်ဆိုတာ သတိပြုမိပါစေ။

၇။ရင်ဘတ်အောင့်ခြင်း

စိတ်ဖိစီးမှုကြောင့် ဖြစ်သောရင်ဘတ်အောင့်ခြင်းနဲ့ နာကျင်ခြင်းတို့က နှလုံးနှင့်လုံးဝဆက်နွယ်မှုမရှိဘဲ အာရုံကြောဆိုင်ရာဇာစ်မြစ်သာဖြစ်ပါတယ်။ သင့်ရင်ဘတ်တွင်နာကျင်မှုဝေဒနာကိုမကြာခဏခံစားရပါက ဦးစွာအနားယူရန်ကြိုးစားပါ။
ဒါပေမယ့်လည်း စိတ်ဖိစီးမှုက နှလုံးရောဂါဖြစ်စေနိုင်ကြောင်းကို မမေ့ပါနှင့်။ အကယ်၍နှလုံးပြဿနာများရှိပါကဆရာဝန်နဲ့တိုင်ပင်ပါ။