သကြားပါဝင်မှုများတဲ့ ဆိုဒါ အချိုရည်တွေက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ လူတိုင်း သိကြပါတယ်။ အဓိကက ပါဝင်တဲ့ ကယ်လိုရီတွေနဲ့ သကြားတွေက အန္တရာယ်ရှိတယ်လို့ ထင်ကြပါတယ်။

ဒါကြောင့် “Diet အချိုရည်” တွေကို ရွေးချယ်ပြီး သောက်သုံးကြပါတယ်။

ဒါပေမယ့် “Diet အချိုရည်” တချို့မှာပါဝင်တဲ့ သကြားတွေက ကိုယ်အလေးချိန် မတက်အောင် ပြန်လည်ပြုပြင်ထားတဲ့ သကြားတွေဖြစ်ပြီး လေဖြတ်တာနဲ့ အတိတ်မေ့တာတွေ ဖြစ်တတ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှ Diet အချိုရည်တွေနဲ့ပတ်သက်ပြီး သုတေသန တစ်ခုပြုလုပ်ခဲ့ပါတယ်။ Diet အချိုရည် သောက်တတ်တဲ့ လူပေါင်း ၃ ထောင်ကျော်အကြောင်းကို သုတေသန ပြုလုပ်ခဲ့ပါတယ်။

အသက် ၄၅ နှစ်နဲ့အထက် Diet အချိုရည်သောက်တဲ့သူတွေမှာ ဆိုဒါမှာပါဝင်တဲ့ ပြုပြင်ထားတဲ့ သကြားတွေကြောင့် လေဖြတ်မှု အန္တရာယ်ကို တိုးမြင့်လာတာကို တွေ့ရပါတယ်။

အသက် ၆၀ နဲ့ အထက်သူတွေမှာတော့ အတိတ်မေ့တဲ့ ပြဿနာတွေ တွေ့ရှိလာရပါတယ်။

သာမန်သကြားမှာတော့ လေဖြတ်တာနဲ့ အတိတ်မေ့တာတို့နဲ့ ဆက်စပ်တဲ့ ပြဿနာတွေတော့ မရှိပေမယ့် တခြား ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံးရောဂါ၊ အဝလွန်တာ၊ ဆီးချိုနဲ့ သကြားပြဿနာတွေ အများကြီးရှိပါတယ်။

ဘော်စတွန်တက္ကသိုလ်ကလည်း သကြားပါဝင်မှုများတဲ့ ဆိုဒါ၊ Soft Drinks တွေနဲ့ အချိုရည်တွေက ဦးနှောက်အပေါ်သက်ရောက်မှုကို သုတေသနပြုလုပ်ခဲ့ပါတယ်။

MRI စမ်းသပ်မှုတွေနဲ့ တခြား စမ်းသပ်မှုတွေ အကူအညီနဲ့ ဆိုဒါ သောက်သုံးမှုများတဲ့ သူတွေကို သုတေသန ပြုလုပ်ရာမှာ တစ်နေ့ကို သကြားပါဝင်မှုများတဲ့ အချိုရည် (ဆိုဒါ အချိုရည်)တွေ တစ်နေ့ကို ၂ ဗူးအထက် သောက်သူတွေမှာ ဦးနှောက်ပိုကျုံ့လာတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါတွေက အတိတ်မေ့တာတို့နဲ့ အယ်ဇိုင်းမားရောဂါတို့ကို ပိုပြီးဖြစ်စေနိုင်ပါတယ်။

 

ဆိုဒါအချိုရည်တွေ အစား

Kombucha – သူ့ရဲ့ သဘာ၀ အရသာက ဆိုဒါလိုပုံစံမျိုးဖြစ်တာကြောင့် ဆိုဒါကြိုက်နှစ်သက်သူတွေ သောက်လို့ရပါတယ်။

ရေ– ရေကတော့ အကောင်းဆုံးပါဘဲ။ ခန္ဓာကိုယ်က ရေဓာတ်လိုအပ်တာကြောင့် ရေကို များများသောက်ပေးဖို့လိုအပ်ပါတယ်။

ရေချည်းဘဲ မသောက်ချင်ရင်လည်း ဘယ်ရီသီးတွေ၊ သခွားသီးတွေနဲ့ တခြား အသီးအနှံတွေကို စိမ်ပြီး သောက်လည်းရပါတယ်။

Green Tea– Green Tea မှာ ကင်ဆာ ရောဂါကို ကာကွယ်နိုင်တဲ့ အကျိုးကျေးဇူးတွေ ပါတဲ့အပြင် နှလုံးရောဂါ၊ သွေးတိုးနဲ့ ကျောက်ကပ်မှာ ကျောက်တည်တာတို့ကိုလည်း လျော့ကျစေပါတယ်။ သူ့မှာ ကယ်လိုရီတွေမပါဝင်တဲ့အပြင် အားကောင်းတဲ့ Antioxidants တွေလည်း ပါဝင်ပါတယ်။