တစ်ရက်လောက်ပဲဖြစ်စေ အိပ်ရေး၀၀ အိပ်စက်နိုင်ရန် လူတိုင်းလူတိုင်း မက်မောတောင့်တကြပါတယ်။ အဲ့လို နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းက ကိုယ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အထူးကောင်းမွန်ပါသည်။ အိပ်ရေးပျက်ခြင်းသည် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ စိတ်ဂယောက်ဂယက်ဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်း နှင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်း အစသဖြင့် မျိုးစုံသော ရောဂါလက္ခဏာပေါင်းစုံကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

ဒါကြောင့် သင်တို့လည်း မိမိတို့ရဲ့ကျန်းမာရေးနှင့် သင့်တော်ကိုက်ညီသည့် အိပ်စက်ပုံကိုယ်နေဟန်ထားတွေကို သိရှိစေနိုင်ရန် ဝေမျှပေးလိုက်ရပါတယ်။

၁။ လက်နှစ်ဖက်ဘေးကပ်ကာ ပက်လက်အိပ်ခြင်း

ကောင်းကျိုး – လက်နှစ်ဖက်ဘေးကပ်ကာ ပက်လက်အိပ်ခြင်းသည် ကျောရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်သော အိပ်စက်ပုံတစ်မျိုးဖြစ်ပါသည်။ အရိုးအဆစ်အပေါ် သက်ရောက်မှုရှိသည့် ဖိအားလျော့နည်းသွားသောကြောင့် ဂုတ်နှင့် နောက်ကျောဖက်တို့ နာကျင်ခံစားရမှုဖြစ်ပေါ်မှုကို ကာကွယ်ပေးမှာဖြစ်ပါသည်။

 

ဆိုးကျိုး – အိပ်နေစဉ်အတွင်း အသက်ရှုရပ်သွားခြင်း၊ ဟောက်ခြင်းတို့ကဲ့သို့သော ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စရပ်လေး များက ပက်လက်အိပ်တတ်တဲ့ လူတွေမှာ အဖြစ်များတတ်ပါတယ်။

၂။ လက်နှစ်ဖက်အပေါ်မြှောက်ကာ ပက်လက်အိပ်ခြင်း

ကောင်းကျိုး – လက်နှစ်ဖက်ဘေးကပ်ကာ ပက်လက်အိပ်ခြင်းက ကျောရိုးကျန်းမာရေးအတွက် အထူးကောင်းမွန်သော အိပ်စက်ပုံတစ်မျိုးဖြစ်ပါတယ်။ အရိုးအဆစ်အပေါ် သက်ရောက်မှုရှိတဲ့ ဖိအားလျော့နည်းသွားသောကြောင့် ဂုတ်နှင့် နောက်ကျောဖက်တို့ နာကျင်ခံစားရမှုဖြစ်ပေါ်မှုကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ သည့်အပြင် မျက်နှာပေါ်ရှိ အ အရေးအကြောင်းများ ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးပါတယ်။

ဆိုးကျိုး – ဤကဲ့သို့ အိပ်စက်မှုပုံစံက ဟောက်သည့်ပြဿနာကို ဖြစ်ပေါ်စေသလို လက်နှစ်ဖက်အပေါ်မြှောက်အိပ်ခြင်း ကလည်း ပုခုံးရှိအကြောများကို ဖိအားဖြစ်စေတဲ့အတွက် နာကျင်မှုကို ခံစားရနိုင်ပါတယ်။

၃။ လက်နှစ်ဖက်ဘေးထားကာ ဘေးတိုက်အိပ်ခြင်း

ကောင်းကျိုး – ဘေးတိုက်အိပ်ခြင်းက ကျောရိုးရှိအဆစ်များကို ပုံမှန်အတိုင်း ဖြစ်စေသည့်အတွက် ကျောရိုးအတွက် အ ထူးသင့်တော်သော အိပ်စက်ပုံတစ်မျိုးဖြစ်ပါတယ်။ ဖြောင့်တန်းညီညာသည့် ကျောရိုးက နောက်ကျောဖက်နှင့် ဂုတ်နာ ကျင်မှုကို ကာကွယ်ပေးရုံသာမက အိပ်နေစဉ်အတွင်း အသက်ရှုရပ်သွားခြင်းကိုလည်း လျော့ကျစေပါတယ်။ ကိုယ် ဝန်ဆောင်အမျိုးသမီးများအတွက် အကောင်းဆုံးသော အိပ်စက်ပုံစံပဲဖြစ်ပါတယ်။

ဆိုးကျိုး – ဘေးတိုက်အိပ်စက်သည့်အခါ အပေါ်ခြေထောက်မှာ လုံလောက်သော ထောက်ပံ့မှုကို မရရှိနိုင်သည့်အ တွက် အနာဂတ်တွင် နောက်ကျောဖက် သို့မဟုတ် တင်ပါးနာကျင်မှုတို့ ဖြစ်ပေါ်လာဖို့ အလားအလာများပါတယ်။

၄။ လက်နှစ်ဖက်ဆန့်ကာ ဘေးတိုက်အိပ်ခြင်း

ကောင်းကျိုး – ဤအိပ်စက်မှုပုံစံဟာ နောက်ကျောနှင့် ဂုတ်နာကျင်မှုတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင်  ဟောက်ခြင်းကို လျော့ချပေးပြီး ရင်ပူရင်ဆာဖြစ်ခြင်းနှင့် အက်စစ်ပြန်စီးခြင်းတို့ကိုလည်း ဖြေဖျောက်ပေးနိုင်ပါတယ်။ လက်နှစ်ဖက်ဆန့်တန်းကာ ဘေးတိုက်ပုံစံဖြင့် အိပ်စက်တတ်သည့်သူများက ညသန်းခေါင်ယံအချိန်တွေမှာ အလွယ်တကူနှိုးထဖို့ အလားအလာများပါတယ်။

ဆိုးကျိုး – ဘေးတိုက်အိပ်ခြင်းက သွေးပုံမှန်စီးဆင်းမှုကို ဟန့်တားနိုင်ပြီး အကြောများအပေါ် ဖိအားပေးမိသည့်အ တွက် ပုခုံးနှင့်လက်တို့အား နာကျင်မှုစေနိုင်ပါတယ်။ မျက်နှာကို တဖက်တည်းမှာထားပြီး အိပ်စက်မိသည့်အတွက်  နောက်ထပ်၍လည်း ရင်သားပျော့တွဲခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၅။ သန္ဓေသားအနေထားဖြင့် အိပ်စက်ခြင်း

ကောင်းကျိုး – ကိုယ်ဝန်ဆောင်သည် အမျိုးသမီးများအတွက် အထူးကောင်းမွန်သည့် အိပ်စက်ပုံစံတစ်မျိုးဖြစ်ပြီး  ဟောက်ခြင်းကိုလည်း အတော်အသင့်လျော့ချပေးနိုင်ပါတယ်။

ဆိုးကျိုး – ဘေးတိုက်ကွေးပြီး အိပ်စက်ခြင်းက အိပ်ပျော်သွားသည့်အခါမှာ သက်သောင့်သက်သာရှိနိုင်သော်လည်း သင့်ဂုတ်နဲ့ကျောဖက်ကို ဒဏ်ဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ တင်ပါးရိုးအကြောနာကျင်မှုကဲ့သို့သော ပြင်းထန်သောရောဂါများ ဖြစ်လာနိုင်စွမ်းရှိပါတယ်။

၆။ မှောက်လျက်အိပ်ခြင်း

ကောင်းကျိုး – ဝမ်းလျားမှောက်အိပ်ခြင်းက အပေါ်ဖက်လေဝင်လေထွက်လမ်းကြောင်းကို ပိုပွင့်အောင်ကူညီပေးသည့် အတွက် ဟောက်တာကို လျှော့ချပေးနိုင်ပါတယ်။ ဤအနေအထားဖြင့် အိပ်စက်ခြင်းက  အစာခြေစနစ်ကိုလည်း ပို မိုကောင်းမွန်စေပါတယ်။

ဆိုးကျိုး – ကျောရိုးနာကျင်မှုကို ဖြစ်ပွားစေသည့်အတွက် အချို့သောပညာရှင်များက ဝမ်းလျားမှောက်အိပ်ခြင်းကို အဆိုးဆုံးအိပ်စက်မှုပုံစံဟု သတ်မှတ်ကြပါတယ်။ မှောက်လျက်အိပ်ခြင်းက ကျောရိုးရဲ့သဘာဝကောက်ကြောင်းကို  ထောက်ပံ့မှုမရှိ သည့်အတွက် ခါးရိုးနှင့် အခြားအရိုးအဆစ်၊ ကြွက်သားများ ထုံကျင်ကိုက်ခဲမှုကို ဖြစ်ပေါ်စေနိုင်ပါ တယ်။ ၂၀၁၅ ခုနှစ်၏ စစ်ဆေးချက်များအရ ဝက်ရှုးပြန်ရောဂါရှိသည့်သူများသည် ဝမ်းလျားမှောက်ပုံစံဖြင့် အိပ်စက်နေစဉ် အတွင်း သေဆုံးဖို့အလားအလာများသည်ဟု သိရပါတယ်။