အရိုးကျန်းမာရေးဟာ သိပ်ကိုအရေးကြီးလှပါတယ်။ အရိုးကျန်းမားရေးအတွက်ဆိုရင် အာဟာရဓာတ် ညီညွတ်မျှတအောင်စားပေးဖို့ လိုပါတယ်။ အရိုးကျန်းမာရေးဆိုင်ရာပြဿနာတွေဟာ အာဟာရညီညွတ်မျှတအောင်မစားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကယ်လ်ဆီယမ် (သို့) Antioxidant ဓာတ်လုံလောက်စွာမစားတာဟာ အရိုးကျန်းမာရေးကို ထိခိုက်စေပါတယ်။

၁။ ဆားစားသုံးမှုကို တတ်နိုင်သဘောက်လျှော့ချမယ်။

20100226-howtosaltfood2

တကယ်လို့ အရိုးပွတာ ၊ အရိုးပါးတာ၊ အားနည်းတာတစ်ခုခုဖြစ်လာရင်တော့ ဆားကို လုံးဝရှောင်သင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း တတ်နိုင်သလောက် လျှော့စားသင့်ပါတယ်။ အသင့်စားအစားအစာတွေ ဆိုဒီယမ်ပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ပေးသင့်ပါတယ်။

၂။ အရက်သောက်သုံးမှုကို လျှော့ချမယ်။

အရက်ကို များများသောက်တာဟာ အရိုးအဆစ်တွေကို အားနည်းစေပါတယ်။ ဒါ့ကြောင့် အရိုးအားနည်းတဲ့သူတွေအနေနဲ့ ဘီယာတွေ၊ အရက်တွေ လျှော့သင့်ပါတယ်။ လုံးဝမသောက်ရင် ပိုကောင်းပါတယ်။ တစ်နေ့ကို ဘီယာ တစ်ခွက် (သို့) ဝိုင်တစ်ခွက် ထက်ပိုမသောက်သင့်ပါတယ်။

၃။ ကဖိန်းဓာတ်စားသုံးမှုကို လျှော့ချမယ်။

ကဖိန်းဓာတ်ဟာ သွေးဆုံးပြီး အမျိုးသမီးတွေအတွက်ဆို ပိုပြီး မသောက်ပေးသင့်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၂ ခွက်ထက်ပိုပြီးသောက်ရင် ကယ်လ်ဆီယမ်ဓာတ်တွေဆုံးရှုံးသလို ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုကို အဟန့်အတားဖြစ်စေလို့ ကဖိန်းဓာတ်စားသုံးမှုကို ငယ်စဉ်ကတည်းက လျှော့ထားသင့်ပါတယ်။

၄။ ပရိုတင်းဓာတ်များများစားရင်လည်း အရိုးအားနည်းနိုင်တယ်။

ပရိုတင်းဓာတ်များများစားပေးတာဟာ အစာချေနေစဉ်အတွက် ဓာတုပစ္စည်းတွေကို ထုတ်ပေးလို့ သင့်ရဲ့ အရိုးကို ထိခိုက်ပျက်စီးစေပါတယ်။ ပရိုတင်းဓာတ်များတဲ့အစားအစာတွေကို ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်များတဲ့ အသီးတွေ အရွက်တွေနဲ့ တွဲပြီး စားသုံးသင့်ပါတယ်။

အရိုးကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်မယ်။

Excercise

လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ အလှအပတစ်ခုတည်းအတွက်မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါတယ်။ စက်ဘီးစီးတာ လမ်းလျှောက်ပေးတာဟာ အရိုးကျန်းမာရေးအတွက် သိပ်ကိုကောင်းမွန်ပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းထားပေးပြီး သွေးလည်ပတ်မှု ကိုလည်းကောင်းမွန်စေလို့ အရိုးအဆစ်တွေကိုလည်း သန်မာစေပါတယ်။ တောင်တက်လေ့ကျင့်ခန်းတွေလည်း လုပ်ပေးနိုင်ပါတယ်။

Featured Image Source: Yuuto Nutrition