သွေးတိုးရှိသူတွေအတွက် သွေးဖိအားတက်စေတဲ့ အစားအစာကို ပိုလို့ ရှောင်သင့်ပါတယ်။ သွေးဖိအားကို တက်စေပြီး လျှော့စားသင့်တဲ့ (သို့) ရှောင်သင့်တဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဆား

ဆားဟာလည်း သွေးဖိအားကို တက်စေတဲ့ အစားအစာထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သင့်မှာ သွေးတိုးရှိရင် ဆားကို အတတ်နိုင်ဆုံး လျှော့စားပေးပါ။

၂။ အသင့်စားအသားများ

Source: unlockfood.ca

အအေးခံထားတဲ့ အသင့်စား အသားတွေ၊ Hot Dog ၊ ဝက်အူချောင်း စတာတွေမှာ ဆားနဲ့ အဆီပါဝင်မှုများပြီး သွေးဖိအားတက်စေပါတယ်။ ဒါ့ကြောင့် လျှော့စားပါ။

၃။ ကော်ဖီ (သို့) လက်ဖက်ရည်

ကော်ဖီ၊ လက်ဖက်ရည် အပါအဝင် ဆိုဒါပါတဲ့ဖျော်ရည်ကိုသောက်တာဟာ နှလုံးအခုန်မြန်စေသလို သွေးဖိအားကိုလည်း တက်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးတိုးရှိသူတွေ လျှော့စားသင့်ပါတယ်။

၄။ ချောကလက်

Source: Wall Street Journal

ချောကလက်ဟာလည်း သင့်ရဲ့ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပါတယ်။ ချောကလက် အမည်းကို စားပေးတာဟာ ကျန်းမာရေးအတွက်ကောင်းပေမယ့် နို့ချော့ကလက်ကို စားတာဟာ အချိုများပြီး သွေးတိုးရှိသူတွေအတွက် သိပ်အဆင်မပြေပါဘူး။ ဒါ့ကြောင့် လျှော့စားပါ။

၅။ အသားများ

အသားတွေမှာလည်း အဆီပါဝင်မှုများပါတယ်။ အထူးသဖြင့် ဝက်သားကို ရှောင်သင့်ပါတယ်။ သွေးတိုးရှိသူတွေ များများမစားတာအကောင်းဆုံးပါပဲ။

၆။ အားဖြည့်အချိုရည်များ

Source: Fox News

အားဖြည့်အချိုရည်တွေ အသင့်သောက် အချိုရည်တွေဟာလည်း သင့်ရဲ့ သွေးဖိအားကို တိုးလာစေနိုင်ပါတယ်။

၇။ ဝိုင် (သို့) အရက်

အရက် (သို့) ဝိုင်ဟာလည်းသွေးတိုးရှိသူတွေနဲ့ မတည့်ပါဘူး။ အများကြီးသောက်တာမျိုး မလုပ်သင့်ပါဘူး။

Reference Link: https://www.healthline.com/health/high-blood-pressure-hypertension/foods-to-avoid#alcohol