ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အစာချေစနစ်ကို ကောင်းမွန်စဖို့ ဒီဖျော်ရည်က ၁၀၀ % အာဟာရဓါတ်တွေ ဖြည့်စွမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် တခြားပါဝင်ပစ္စည်းတွေလည်း ဖြည့်တင်းထားတာမို့ ကျန်းမာရေးအတွက် အထောက်အကူပြုစေပါတယ်။ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ ဒီဖျော်ရည်ဟာ ဝမ်းဗိုက်က အဆီတွေကိုလည်း ဖယ်ရှားပေးမှာပါ။
သင်္ဘောသီးမှာကော ကွေကာအုတ်မှာပါ အဟာရဓါတ်တွေ ပါဝင်လို့ ခန္ဓာကိုယ်အတွက် များစွာအကျိုးထူးစေပါတယ်။ သွေးတွင်ကိုလက်စထရောကိုလည်းကျစေပြီး အမျှင်ဓါတ်တွေလည်း အများအပြားထုတ်လုပ်ပေးလို့ ဝမ်းမှန်စေပါတယ်။
ပါဝင်ပစ္စည်း
ကွေကာအုတ်မှုန့် ခွက် ၁/၂
သင်္ဘောသီး အတုံးလေးလှီးပြီးသား ခွက် ၃/၄
ဗာဒံစေ့နဲ့လုပ်ထားတဲ့နို့ (သို့) အဆီထုတ်ပြီးသား နွားနို့ ၁/၂ ခွက်
သစ်ကြံပိုးခေါက် စားပွဲတင်ဇွန်း ၁/၄
ပြုလုပ်နည်း
သင်္ဘောသီးနဲ့ ကွေကာအုတ်ကို သစ်ကြံပိုးခေါက် နို့တို့နဲ့ရောပြီး Blender (ဖျော်စက်) ထဲထည့်ပါ။ ပြီးရင် သေချာရောသွားတဲ့ထိ ၁၅ စက္ကန့်လောက် မွေပေးပါ။ ပြီးရင် ခွက်တစ်လုံးထဲထည့်ပြီး ရေခဲထည့်ပါ။
ဒီဖျော်ရည်ဟာ စိုးရိမ်သောက တွေကို လျှော့ကျစေပြီး ကိုယ်အလေးချိန်လည်း ကျစေပါတယ်။ ဒါ့ကြောင့်လည်း မနက်ခင် အစာမစားခင် (သို့) ညအိပ်ယာမဝင်ခင် သောက်ပေးတာ ပိုကောင်းပါတယ်။
Source: healthyfoodproteam.com