မင်းကွတ်သီးဟာ အရှေ့တောင်အာရှမှာ လူကြိုက်များတဲ့အသီးပါ။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေများတဲ့ အစားအစာအဖြစ်လည်း လူသိများပါတယ်။

benefits-of-mangosteen

မင်းကွတ်သီးမှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ မင်းကွတ်သီးကို အလွန်အကျွံစားသုံးပေးမယ်ဆိုရင်တော့ အခုဖော်ပြတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ဓါတ်မတည့်မှုဖြစ်ပေါ်စေတယ်

အရေးပြား ဓါတ်မတည့်တဲ့သူတွေဆိုရင် မင်းကွတ်သီးကို များများ အလွန်အကျွံစာပေးမယ်ဆိုရင် အရေးပြားနီတာ ရောင်တာ ယားတာ အဖုသေးသေးလေးတွေထွက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်း၊ ပါးစပ်နဲ့ လည်ချောင်းတွေမှာ ရောင်လာနိုင်ပါတယ်။

ပျို့အန်တာ အားနည်းတာမျိုးဖြစ်စေတယ်

Home-Remedies-to-Get-Rid-of-Nausea

မင်းကွတ်သီးကို အလွန်အကျွံစားတာ မင်းကွပ်သီးဖျော်ရည်ကို အလွန်အကျွံသောက်မယ်ဆိုရင် ပျို့အန်တာ အားနည်းတာမျိုးဖြစ်စေပါတယ်။ မင်းကွတ်သီးမှာ Lactic အက်ဆစ်ဓါတ်တစ်မျိုးပါဝင်ပြီး သွေးကြောထဲမှာ မမှန်တဲ့ Lactic အက်ဆစ်တွေ စုပုံစေပြီး ပျို့အန်တာမျိုး ဖြစ်စေတာပါ။

ဆီးချိုအတွက် အသင့်တော်ဘူး

you-may-avoid-diabetes

ဈေးကွက်အတွင်း အလွယ်တကူရရှိနိုင်တဲ့ မင်းကွတ်သီးဖျော်ရည်မှာ သကြားဓါတ်တွေအများအပြားပါဝင်ပြီး ဆီးချိုသမားတွေအတွက် သောက်သုံးလို့ မသင့်တော်ပါဘူး။ ဆီးချိုကုသမှုခံယူနေသူတွေဟာ မင်းကွတ်သီး အလွန်အကျွံစားတာကို ရှောင်ကျဉ်သင့်ပါတယ်။

ဝမ်းချုပ်စေတယ်

mangosteen-600x399

မင်းကွတ်သီးကိုအလွန်အကျွံစားပေးတာဟာ ဝမ်းချုပ်မှုကို ဖြစ်ပေါ်စေပါတယ်။

ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအတွက် မသင့်တော်ဘူး

မင်းကွတ်သီးဟာ ကိုယ်ဝန်ဆောင်တွေ (သို့) နို့တိုက်မိခင်တွေအတွက် သင့်တော်တဲ့အသီးမဟုတ်ပါဘူး။ အလွန်အကျွံမစားပေးသင့်ပါဘူး။

နောက်ထပ်ဆိုးကျိုးတွေကတော့

19-Best-Benefits-Of-Mangosteen-For-Skin-And-Health

မင်းကွတ်သီးကို အလွန်အကျွံစားပေးတာဟာ အစာအိမ်အခန့်မသင့်တာမျိုးဖြစ်စေသလို၊ ကြွက်သားနာကျင်မှုကိုဖြစ်စေပါတယ်။ ဒါ့အပြင် ခေါင်းအနည်းငယ်ကိုက်တာ ၊ အဆစ်အမြစ်အနားငယ်နာကျင်တာကိုလည်းဖြစ်ပေါ်စေပါတယ်။ အိပ်မပျော်တာကိုလည်းဖြစ်စေလို့ မင်းကွတ်သီးကို အလွန်အကျွံစားပေးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။