ယနေ့အချိန်တွင် ခေါက်ဆွဲခြောက်များသည် လွယ်ကူသက်သာလျင်မြန်စွာ စားသုံးနိုင်သည့် အစားအစာတစ်ခုဖြစ်လာပါပြီ။ ဈေးနှုန်းလည်းသက်သာသလို အရသာမှာလည်း ကလေးများအကြိုက်ဖြစ်သည့်အတွက် ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ပြန့်စွာ စားသုံးလာကြပါတယ်။ သို့သော်လည်း ခေါက်ဆွဲခြောက်စားသုံးခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသလို ခန္ဓာကိုယ်ကိုလည်း ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။

ပမာဏမြောက်မြားသည့် ဟင်းသီးဟင်းရွက်များနှင့် ပေါင်းစပ်စားသုံးသည်ဆိုစေကာမူ ထိုဆိုးကျိုးများကို တိုက်ထုတ်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့အတွက် ခေါက်ဆွဲခြောက်စားသုံးခြင်းက မိမိတို့၏ ကိုယ်ခန္ဓာကို မည်ကဲ့သို့ဆိုးကျိုးတွေဖြစ်စေနိုင်သလဲဆိုတာကို သိရှိနိုင်ရန် ဝေမျှပေးလိုက်ရပါတယ်။

၁။ အစာခြေမှုဆိုင်ရာပြဿနာများ

ခေါက်ဆွဲခြောက်များသည် ဖြည်းဖြည်းချင်းအစာခြေဖျက်၍ သင့်အားဗိုက်ပြည့်စေရန်ရည်ရွယ်၍ ထုတ်လုပ်ထားသောကြောင့် စားသုံးပြီးနောက်မှာ အစာအိမ်သည် ခေါက်ဆွဲများကို ခြေဖျက်ရန် အစွမ်းကုန်အားထုတ်ရပြီး အချိန်ကြာသည်အထိ မပျောက်ပျက်ဘဲ ခန္ဓာကိုယ်အတွင်းတွင် ကျန်ရှိနေပါတယ်။ ထို့ကြောင့် အစာအိမ်အတွင်းတွင် ရှိနေချိန်အတိုင်းအတာအတွင်း သင့်ကိုနေထိုင်မကောင်းဖြစ်စေနိုင်ပါတယ်။

၂။ နှလုံးရောဂါဖြစ်ပေါ်မှုမြင့်မားစေခြင်း

heart

ခေါက်ဆွဲခြောက်ကို တပတ်လျှင် ၃-၄ ကြိမ် စားသုံးသူများသည် ခန္ဓာကိုယ်အတွင်း ဓာတ်ပြုမှုများကို ဖြစ်ပေါ်စေနိုင်ပြီး သွေးပေါင်ချိန်တက်ခြင်း၊ သွေးချိုပမာဏမြင့်တက်ခြင်း၊ အဆီပမာဏများခြင်း၊ ကိုလက်စထရောမြင့်မားခြင်း အစရှိသည့် ရောဂါများကို တွေ့ကြုံနိုင်ပါတယ်။ ထိုရောဂါများသည် နှလုံးရောဂါ၊ ဆီးချို၊ စသော ရောဂါကြီးမား၏ အစပျိုးရာများပဲဖြစ်ပါတယ်။

၃။ ကင်ဆာဖြစ်နိုင်ခြေကိုတိုးမြှင့်ပေးခြင်း

cancer

ခေါက်ဆွဲခြောက်ကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးရာမှ ရရှိနိုင်သည့်ရောဂါဆိုးများထဲတွင် နံပါတ်တစ်မှာ ကင်ဆာရောဂါဖြစ်ပါသည်။ အမျိုးစုံသောကင်ဆာရောဂါများ ဝင်ရောက်လာနိုင်သည့်အတွက် ခေါက်ဆွဲခြောက်အလွန်အကျွံစားသုံးခြင်းကို လျှော့ချစေလိုပါတယ်။

၄။ ဆီးချိုရောဂါကိုဖြစ်ပေါ်စေခြင်း

After the blood sugar check, it may be time for a diabetes medicine whose price has jumped.

အာဟာရများများစားစားမပါဝင်သည့် ဂျုံမှုန့်ဖြူများဖြင့် ပြုလုပ်ထားသည့်အတွက် ခေါက်ဆွဲခြောက်များတွင် ကစီဓာတ်ပုံစံရှိ အာဟာရလွတ်ကာဗွန်ဟိုက်ဒရိုတ်များပါရှိပါတယ်။ ထိုကာဗွန်ဟိုက်ဒရိုတ်များသည် ခန္ဓာကိုယ်အတွင်းရှိ သွေးချိုပမာဏကိုမြင့်တင်ပေးသည့်အတွက် ဆီးချိုရောဂါကိုဖြစ်ပေါ်စေနိုင်ပါတယ်။