လူတစ်ယောက်ရဲ့ ဦးနှောက်အလေးချိန်က ယေဘုယျအားဖြင့် ၃ပေါင် လောက်လေးပြီး ခန္ဓာကိုယ်အလေးချိန်နဲ့ဆို ၂ ရာခိုင်နှုန်းလောက်လေးပါတယ်။

ဦးနှောက်က ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာအားလုံးကို ထိန်းချုပ်လုပ်ဆောင်ပေးပါတယ်။ ဟော်မှုန်းတွေညီမျှအောင်လုပ်တာ၊ အသက်ရှူ၊ ကြွက်သားထိန်းချုပ်၊ နှလုံးခုန်တာ၊ စဉ်းစားတွေးခေါ်၊ စိတ်ခံစားချက်စတာတွေ အားလုံးကို လုပ်ဆောင်ပါတယ်။

ဦးနှောက်က စားသုံးလိုက်တဲ့ ကယ်လိုရီရဲ့ ၂၀ ရာခိုင်နှုန်းကို ရယူပါတယ်။ ဒါကြောင့် လူသားတွေအတွက် အရေးကြီးလှတဲ့ ဦးနှောက်ကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်မိနေတဲ့ အမှားများကို ဝေမျှချင်ပါတယ်။

ငြီးငွေ့ခြင်း

7-Sleep-Deprivation-e1500735835608

ဦးနှောက်က အသစ်အဆန်းတွေ၊ စိန်ခေါ်မှုအသစ်တွေ အသုံးမှ တနည်းအားဖြင့်ပြောရင် ဦးနှောက်စားလေလေ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းလေပါဘဲ။ ဦးနှောက်က သုံးပါများမှ ထက်လာတာဖြစ်ပါတယ်။ အသစ်အဆန်းတွေ စဉ်းစားဆင်ခြင်မှုတွေမပြုလုပ်ရင် ဦးနှောက်ကိုကောင်းစေတဲ့ Neuroplasticity ထွက်ရှိမှုနည်းကာ တခြား ကိုယ်အင်္ဂါတွေလိုပါဘဲ ချိနဲ့သွားပါလိမ့်မယ်။

မနက်စာ မစားခြင်း

2-No-Breakfast-e1500735858682

သင့်အမေက မနက်စာ စားဖို့ ခဏခဏ သတိပေးတာကို အပိုတွေလို့ ထင်ခဲ့တာမျိုးရှိမှာပါ။ တကယ်တမ်းတော့ ဦးနှောက်ကျန်းမာရေးအတွက် မနက်စာစားဖို့ လိုပါတယ်။

နေ့တစ်နေ့ရဲ့ အစကို ဗိုက်ထဲမှာ ဘာအစာမှမရှိဘဲ စတင်ဖြတ်သန်းရင် သင့် ဇီဝကမ္မဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေကာ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်တချို့ ထိခိုက် ပျက်စီးစေပါတယ်။

ဂျပန်နိုင်ငံရဲ့ သုတေသနတစ်ခုအရ မနက်စာ မစားတဲ့သူတွေက ဦးနှောက်မှာ သွေးယိုနိုင်တဲ့ ရောဂါ ဖြစ်နိုင်ချေ ၃၆ ရာခိုင်နှုန်း ပိုများပါတယ်။

ဆဲလ်ဖုန်း

3-Cell-phones-e1500735895803

လက်ကိုင်ဖုန်း သို့မဟုတ် ဆဲလ်ဖုန်းများကနေ ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည်တွေက ခေါင်းကိုက်တာတွေ၊ စိတ်ရှုပ်တာတွေကို ပိုဖြစ်စေပါတယ်။ အဲ့ဒီအပြင် ဦးနှောက်မှာ အကြိတ်ထွက်တဲ့ ကင်ဆာ ဆန်ဆန် ရောဂါတွေလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အိမ်ရောက်ရင် ဖုန်းနဲ့ ဝေးဝေးနေတာမျိုး ညအိပ်ရင် ဖုန်းဘေးနားထားပြီး အိပ်တာမျိုးမလုပ်ပါနဲ့။ ဝေးဝေးထားပြီး အိပ်လို့မရရင် ဖုန်းကို ပိတ်ပြီးဖြစ်ဖြစ် Flight Mode လုပ်ပြီး ဖြစ်ဖြစ် အိပ်ပါ။

နေမကောင်းဖြစ်နေချိန် အလုပ်လုပ်ခြင်း

4-Working-through-illness-e1500735923236

သင်နေမကောင်းဖြစ်နေရင် အနားယူပြီး ကောင်းကောင်းစားပါ။ နေမကောင်းဖြစ်နေချိန်၊ ဖျားနေရင်တောင်မှ သင့်ကိုယ်ခံအားစနစ်က အဖျားကို တိုက်ခိုက်နေရတာနဲ့ပင် အလုပ်ရှုပ်နေပါပြီ။ အဲ့ဒီအချိန်မှာ အလုပ်ကို ပြင်းပြင်းထန်ထန်လုပ်လိုက်ရင် ဦးနှောက်ထိခိုက်တာမျိုးဖြစ်နိုင်ပါတယ်။