မနေ့က ကျွန်မသူငယ်ချင်းတစ်ယောက် ညဖက်အိပ်မပျော်ဖြစ်နေလို့ ဖေ့ဖ်ဘုတ်သုံးတာ တစ်ညလုံးမိုးလင်းသွားတယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ အိပ်မပျော်တဲ့သူတွေ ဘယ်နှစ်ယောက်တောင်ရှိနေလဲပေါ့။ MyFood Myanmar ကနေ ဆေးနည်းလေးတွေလည်း တော်တော်များများတင်ပေးခဲ့ပြီပါပြီ။ အခု ပြုလုပ်ရတာလွယ်ကူတဲ့ နောက်ထပ်ဆေးနည်းလေးတစ်ခုတွေ့လို ထပ်တင်ပေးလိုက်ပါတယ်။

ပျားရည်က အိပ်ပျော်ခြင်းကို မြှင့်တင်ပေးနိုင်တဲ့ အင်ဆူလင်ပမာဏကို မြင့်တက်စေပါတယ်။ ပန်းသီးရှာလကာရည်မှာ အမိုင်နိုအက်ဆစ် ပါဝင်ပြီး မှိုတွေကို တိုက်ဖျက်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း ကောင်းစွာအိပ်စက်အနားယူဖို့အတွက် အကူအညီပေးပါတယ်။

ပါဝင်ပစ္စည်း

Honey-and-Apple-Cider-Vinegar

ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုုလုပ်နည်း

apple-cider-vinegar-and-honey

ရေနွေးတစ်ခွက်ရယ် ပျားရည်ရယ် ပန်းသီးရှာလကာရည်ရယ်ရောပြီး အိပ်ယာမဝင်ခင်သောက်ပါ။

Apple-Cider-Vinegar-and-Honey 33insomnia-500x325

ပျားရည်တစ်ခွက်နဲ့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းရောပြီး သောက်လို့လည်းရပါတယ်။ အဲဒီလိုသောက်မယ်ဆိုရင်တော့ ရေရောပြီးသောက်စရာမလိုပါဘူး။ ပန်းသီးရှာလကာရည်နဲ့ ပျားရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းသောက်ပြီး အိပ်ပါ။