ရွှေဖရုံစေ့မှာ အဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးကို များစွာအထောက်အကူပြုတယ်ဆိုတာတော့ စာဖတ်သူတို့သိပြီးသားဖြစ်မှာပါ။ နေ့တိုင်းစားသုံးပေးသင့်တဲ့အစားအစာထဲမှာပါဝင်ပြီး စားသုံးတဲ့အခါမှာလည်း ဆားမပါဘဲ စားသုံးပေးရမှာပါ။

pumpkin-seeds-fb-1-500x267

ဆီးကျိတ်တည်တာ၊ အစာအိမ်ရောင်တာ၊ ဆီးချို ဝေဒနာရှင်တွေအတွက် အထူးကောင်းမွန်တဲ့အပြင် ကိုလက်စထရောလည်းကျစေလို့ စာဖတ်သူတို့အတွက် သိပ်ကိုအသုံးဝင်ပါတယ်။

ဒီပြဿနာတွေအားလုံး အခုလိုဖြေရှင်းလိုက်ကြရအောင်နော်။

ပါဝင်ပစ္စည်း

cup-of-water

ရေ ၁ ခွက်

10-Best-Benefits-Of-Pumpkin-Seeds-For-Skin-Hair-And-Health

ရွှေဖရုံစေ့ လက်တစ်ဆုပ်စာ

ပြင်ဆင်ခြင်း

pesto-4-pic

ဖရုံစေ့လက်တစ်ဆုပ်စာကို ကြိတ်ခွဲထားပါ။ ပြီးရင်ရေတစ်ခွက်ကို ပွက်ပွက်ဆူအောင်သည်ပြီး မီးဖိုပေါ်ကချပါ။ ချပြီးပြီးချင်း စောစောက ကြိတ်ခွဲထားတဲ့ ရွှေဖရုံစေ့ကိုထည့်ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပြီးရင် ဇကာ(သို့) ရေဆစ်နဲ့ ဆစ်ချလိုက်ပါ။ ရလာတဲ့အရည်ကို သောက်ပေးပါ။

အကျိုးရလဒ်ကောင်းတွေကို ရရှိလာစေမှာဖြစ်ပါတယ်။

Source: beextrahealthynow.net