အမည်းစက်တွေရှိတာဟာ စိတ်အနှောင့်ယှက်ဖြစ်စရာကောင်းလှပါတယ်။

နေရောင်ထိတွေ့မှုများတာကြောင့် ချွေးပေါက်ပွင့်တာ၊ ဝက်ခြံနဲ့ နေလောင်တာ ၊ အသားအရေမညီတာမျိုးတွေဖြစ်စေပါတယ်။ ဒါ့ကြောင့်လည်း အကောင်းဆုံး သဘာ၀ မျက်နှာသစ်ဆေးနဲ့ ဝက်ခြံကင်းတဲ့အသားအရေကို ရရှိပိုင်ဆိုင်နိုင်ဖို့ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ဖရဲသီး ၄ တုံး ၅ တုံး

(Curd) ဒိန် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြင်ဆင်ခြင်း

ဖရဲသီးကို ကြိတ်ပြီးခွက်အသေးထဲထည့်ပါ။ ပြီးရင် ဒိန်ထည့်ပြီး သေချာသမအောင်မွှေပေးပါ။ ပြီးရင်မျက်နှာသစ်ပါ။

အဲဒီနောက် သန့်ရှင်းတဲ့ ဝါဂွမ်းစကိုယူပြီး နှစ်ပေးပါ။ အဲဒီနောက် မျက်နှာအနှံ့ကို သေချာလိမ်းပေးပါ။ အထူးသဖြင့် ဝက်ခြံရှိတဲ့နေရာကို သေချာလိမ်းပေးပါ။ ၁၅ မိနစ်လောက် အခြောက်ထားပြီးရင် ရေအေးအေးနဲ့ မျက်နှာသစ်ပါ။ ပြီးရင် Moisturizer လိမ်းပေးထားပါ။