တခါတလေ ကုန်ပစ္စည်းတွေ ကြော်ငြာတဲ့နေရာမှာ ကိုယ့်အတွက်အသုံးမဝင်တဲ့ ခရင်မ်တွေ မျက်နှာပေါ်ကပ်တဲ့ မျက်နှာဖုံးတွေနဲ့ Serum တွေကို အသုံးပြုမိကြပါတယ်။ စာဖတ်သူတို့အတွက် မလိုအပ်တဲ့ အလှကုန်ပစ္စည်းတွေကို အသုံးမပြုမိဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ဆံဖျားနှစ်ခွဖြစ်ခြင်းကို ဒီလိုဖြေရှင်းမယ်။

ဆံဖျားနှစ်ခွဖြစ်တာကို ဘယ်လိုပေါင်းဆေးတွေ အလှကုန်ပစ္စည်းတွေသုံးသုံး ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဆံဖျားနှစ်ခွဖြစ်တာကိုဖြေရှင်းဖို့အတွက် ဆံဖျားလေးတွေကို တိပေးပါ။ ပြီးရင် ပေါင်းတင်ပေးပါ။

၂။ Hand Cream, Foot Cream

ဈေးကွက်တွေထဲမှာ Hand Cream, Foot Cream တွေရောင်းချလေ့ရှိပါတယ်။ တကယ်လို့ ခန္တာကိုယ်တစ်ခုလုံးအတွက် Body Lotion လိမ်းပေးရင်လုံလောက်ပါတယ်။ Body Lotion ကိုလက်ရော ခြေထောက်တွေမှာပါ လိမ်းပေးနိုင်ပါတယ်။

၃။ မျက်နှာလိမ်းတဲ့ တိုနာ

တိုနာဟာ သင့်အတွက် လိုအပ်တဲ့အရာတစ်ခုလို့ သင်စဉ်းစားနေမိပါလိမ့်မယ်။ ဒါပေမယ့်တစ်ချို့က တိုနာနဲ့မိတ်ကပ်ဖျက်ပြီးရင် လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်။ မျက်နှာသစ်ခရင်မ်နဲ့ မျက်နှာသေချာသစ်ပေးတာက တိုနာထက်ပိုပြီးထိရောက်ပါတယ်။

၄။ နှုတ်ခမ်းနီ

နှုတ်ခမ်းကိုစိုပြေစေဖို့အတွက် နှုတ်ခမ်းနီတောင့်ကို တကူးတကဝယ်စရာမလိုပါဘူး။ သင့်အသုံးပြုနေတဲ့ Vaseline ကိုလည်း နှုတ်ခမ်းမှာလိမ်းပေးလို့ရသလို အုန်းဆီကိုလည်း လိမ်းပေးနိုင်ပါတယ်။

၅။ အမွှေးရိတ်ခရင်မ်

အမွှေးတွေရိတ်တဲ့အခါမှာ Shaving Cream သုံးတာကောင်းပါတယ်။ ဒါပေမယ့် အဲဒီလိုမသုံးဘဲ ရေချိုးဆပ်ပြာ Gel တွေမှာလည်း Glycerol နဲ့ Moisturizer ပါဝင်လို့ အမွှေးရိတ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။

၆။ ပေါင်းသားပျော့တွဲတာ အထစ်ထစ်ဖြစ်တာကိုပျောက်စေဖို့

အခုလိုပေါင်သားပျော့တွဲနေတာ အထစ်ထစ်ဖြစ်နေတာကို သက်သာစေဖို့အတွက် ခရင်မ်တွေမလိမ်းပါနဲ့။ လေ့ကျင့်ခန်းလုပ်ပေးတာကမှ တကယ်ထိထိရောက်ရောက် လှပစေမှာပါ။

၇။ မျက်နှာပေါင်းတင်ခြင်း

မိန်းကလေးတိုင်းသိထားသင့်တဲ့ အကုန်ကျသက်သာစေမယ့် အလှပဆိုင်ရာနည်းလမ်းကောင်းလေးတွေ

မျက်နှာပေါင်းတင်တဲ့အခါ မျက်နှာဖုံးစက္ကူမကပ်ဘဲ ခရင်မ်နဲ့ပဲ ပေါင်းတင်ပေးတာဟာ သင့်အတွက်ပိုကောင်းပါတယ်။ ခရင်မ်ကိုလည်း တကူးတကမဝယ်ဘဲ သခွားသီး ၊ ခရမ်းချဉ်သီး စတဲ့သဘာဝသစ်သီးတွေနဲ့ ပေါင်းတင်ပေးနိုင်ပါတယ်။