ငယ်ငယ်တုန်းကဆိုရင် ရေခဲချောင်း၊ ရေခဲခြစ်တွေကို စားရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ အေးအေးလေးနဲ့ အရသာရှိရှိလေးဆိုတော့ တကယ့် နတ်သုဒ္ဓါပါဘဲ။
အခုအချိန်မှာလည်း ငယ်ငယ်တုန်းက ပျော်ရွှင်တဲ့ခံစားချက်လေးပြန်ရအောင် အားလပ်ချိန်မှာ ရေခဲတုံးဖျော်ရည် အစားအစာလေးတွေပြန်လည် လုပ်စားကြည့်ရအောင်။
ကော်ဖီ
တခါတလေ ကော်ဖီသောက်ရင်း မကုန်သေးပေမယ့် ဆက်မသောက်ချင်တော့ ရင် မသွန်ပစ်လိုက်ပါနဲ့။ အဲ့ဒီကော်ဖီလေးတွေကို ရေခဲခဲတဲ့ ခွက်ထဲထည့်ထားပြီး ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။ ခဲသွားရင် အရမ်းအရသာရှိတဲ့ ကော်ဖီ ရေခဲလေးတွေ စားလို့ရမှာပါ။
ဝိုင်
ဝိုင်ကို ဒီအတိုင်း အရည်ဘဲ သောက်မယ့်အစား ရေခဲခဲတဲ့ ခွက်ထဲကိုထည့်ပြီး ခဲထားလိုက်ပါ။ ပြင်သစ်ဝိုင်ဆိုရင် ရေခဲလိုက်ရင် ပိုပြီး အရသာ ရှိပါတယ်။
ဒိန်ချဉ်
သင့်မှာ ဒိတ်ကုန်တော့မယ့် ဒိန်ချဉ်တွေရှိနေပါသလား။ စိတ်မပူပါနဲ့။ ရေခဲခဲလိုက်ပါ။ ဒါဆိုရင် ပိုပြီး ကြာရှည်ခံသလို စားလို့လည်း ပိုကောင်းတာကြောင့် မြန်မြန်ကုန်သွားပါလိမ့်မယ်။ ဒီအတိုင်းမစားချင်ရင်တောင် အဲ့ဒီရေခဲတွေကို ချေပြီး Smoothies လုပ်စားလို့ရတယ်နော်။
ဖရဲသီး
ဖရဲသီးလေးတွေကို ရေခဲခဲပြီး စားရင်လည်း အရသာတစ်မျိုးကောင်းပါတယ်။
ပန်း
ပန်းလေးတွေ အထူးသဖြင့် နှင်းဆီပွင့်ဖက်လေးတွေကို ရေခဲခဲထားပြီး romantic ဆန်တဲ့ ညစာထမင်းဝိုင်းမှာ ရှန်ပိန်စိမ်တဲ့ ရေခဲအဖြစ်အသုံးပြုရင် အရမ်းကို ပြည့်စုံသွားပါပြီ။
စတော်ဘယ်ရီသီးကို ငုံထားတဲ့ ချောကလပ်ရေခဲ
စတော်ဘယ်ရီသီးလေးတွေကို လှီးပြီး ရေခဲခဲတဲ့ ခွက်ထဲကိုထည့်ပါ။ အပေါ်ကနေ ချောကလပ်အရည်ကို လောင်းချလိုက်ပါ။ ခဲသွားရင် စတော်ဘယ်ရီသီးကို ငုံထားတဲ့ ချောကလပ်ရေခဲလေးတွေ ရလာပါပြီ။