မျက်စိနာတာ အများဆုံးဖြစ်တာက ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကနေဖြစ်စေတယ်။ အအေးမိတာကနေလဲ ဆက်ဖြစ်နိုင်တယ်။ ဝက်သက်ပေါက်ရာကနေလဲဖြစ်နိုင်တယ်။ မိဘတွေဆီကနေ ဂနိုရီးယားပိုး ကူးစက်ရာကနေ ဖြစ်တာကဆိုးတယ်။ စာတပုဒ်ရေးထားပါတယ်။
ရေယုံဗိုင်းရပ်စ်ကနေလည်းဖြစ်တယ်။ လိင်ကတဆင့်ကူးစက်တာလည်း ဖြစ်နိုင်တယ်။ မွေးရာပါဖြစ်တာက လိင်ကတဆင့်ကူးစက်ပိုးတွေဖြစ်တဲ့ ကယ်လ်မီဒီးယားနဲ့ ဂနိုးရီးယားတွေကနေ ဖြစ်စေနိုင်တယ်။

တချို့အချိန်အခါတွေမှာ လူတွေအများကြီးမျက်စိနာကြာဖြစ်တယ်။ အဲလိုအခါမှာ ကြည့်တာနဲ့ကူးတယ်လို့ တင်စားပြောတယ်။ အမှန်က ဗိုင်းရပ်စ်ပိုးကူးစက်လို့ဖြစ်တယ်။ ပိုးက နေရာတကာမှာရှိနေမယ်။ လေထဲလည်းရှိမယ်။ မျက်နှာပြင်တွေ၊ အသုံးအဆောင်တွေ၊ လူ့လက်နဲ့ ကိုယ်ပေါ်မှာရှိနေမယ်။ အဲတာအဝင်ခံရရင် ကူးမယ်။

လက်ဆေးတာ ချောင်းဆိုတာအပါအဝင် တကိုယ်ရေသန့်ရှင်းရေး အလွန်အရေးကြီးတယ်။

မျက်စိနာတာ တဖက်တည်း၊ နှစ်ဖက်လုံးဖြစ်နိုင်တယ်။ ကူးစက်တယ်။ မျက်စိပန်းရောင်ကနေ နီရဲနေမယ်။ အနေရခက်မယ်။ ရောင်နေမယ်။ နာမယ်။ ကြည့်မကောင်းဘူး။

တချို့ကဆေးမလိုပဲ ပျောက်မယ်။ မရသေးရင်၊ ဆိုးရင် ပိုးသေဆေး မျက်စဉ်းခပ်ရမယ်။ ပိုးကြောင့်မဟုတ်ပဲ အလာဂျီကြောင့်လဲဖြစ်နိုင်တယ်။ ပန်းရောင်မျက်စိဆိုပြီး ရေးထားပါတယ်။ အဲဒီနှစ်မျိုးကြောင့်မဟုတ်ပဲ တခုခုဝင်လို့ ဥပမာ ရေ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဖုန်ဝင်လို့ကနေလည်း ဖြစ်နိုင်တယ်။

ကုသဖို့ရာ တချို့မှာ ဆေးမလိုတတ်ပါ။ သန့်ရှင်းရေးလုပ်ပေးပါ။ ဝါဂွမ်းစလေးကို ရေဆွတ်သုံးနိုင်တယ်။ လက်ကို မကြာမကြာဆေးပေးပါ။ လက်ကိုင်ပုဝါ သီးသန့်သုံးပါ။ မျက်ကပ်မှန်တပ်ရသူဆိုရင် ထုတ်ထားပါ။ မျက်နှာသစ်ပေးပါ။ ရေအေးအေးသန့်သန့်သုံးပါ။

Lubricant Eye Drops ချောဆီပါ မျက်စဉ်းခပ်ပါ။ လက်ကိုင်ပုဝါအစား တစ်ရှူးပေပါသုံးပါ။ စနစ်တကျစွန့်ပြစ်ပါ။ မျက်ကပ်မှန်သုံးသူ ဖြုတ်ထားပါ။ မျက်နှာသုပ်ပုဝါ မျှဝေမသုံးပါနဲ့။ လက်ခဏခဏဆေးပါ။

ဗက်တီးရီးယားကြောင့်ဖြစ်တာအတွက် အရင်က Chloramphenicol 1% ကလိုရမ်ဖီနီကောကို အသုံးများတယ်။ ကော်မျက်စဉ်း အနေနဲ့လာတယ်။ မျက်စဉ်းရည်ဆိုရင် ၂ နာရီ ၁ ကြိမ်၊ ပဌမ ၂ ရက်နဲ့ နောက်ရက်တွေမှာ ၄ နာရီ ၁ ကြိမ်၊ ၄-၅ ရက် ခပ်နိုင်တယ်။ Fusidic Acid မျက်စဉ်းက ကိုယ်ဝန်ဆောင်တွေနဲ့ အသက်ကြီးသူတွေအတွက် ပိုသင့်တယ်။ တနေ့ ၂ ကြိမ်၊ ၇ ရက်ခပ်ပါ။ တခြားပိုးသေဆေးပါမျက်စဉ်းတွေ Cipro, Gentamycin အမျိုးမျိုးရှိတယ်။

မျက်စိနာ၊ အလင်းရောင်ကို မကြည့်နိုင်တာ၊ မျက်စိမှုံလာတာနဲ့ နီရဲလွန်းလာတာဆိုရင် မျက်စိဆရာဝန်ကိုပြပါ။ မပျောက်ပဲ ဆက်ဆိုးလာရင် မျက်ကြည်လွှာရောင်တာဖြစ်လာရင် ဆိုးတယ်။ Keratitis ခေါ်တယ်။ မျက်စိကွယ်နိုင်တယ်။

  • Allergic Eye diseases အလာဂျီကြောင့် မျက်စိနာခြင်း၊ = Antihistamine + Corticosteroid မျက်စဉ်းခပ်ပါ။
  • Bacterial Keratitis မျက်စိအကြည်လွှာရောင်ခြင်း၊ = Cefazolin 100 mg/ml and Tobamycin 15 mg/ml, Ciprofloxacin 3 mg/ml, Ofloxacin 3 mg/ml မျက်စဉ်းခပ်ပါ။
  • Gonococcal Corneal ulcer ဂနိုပိုးကြောင့် မျက်ကြည်လွှာရောင်ခြင်း၊ = Ceftriaxone 1-2 Gm IM x 5 days + Erythromycin or Bacitracin E/o မျက်စဉ်းခပ်ပါ။
  • Herpes Simplex Keratitis ရေယုံပိုးကြောင့် မျက်စိနာခြင်း၊ = Acyclovir 200-400 mg 5 times a day ဆေးတိုက်ပါ။ ကော်တီဇုန်းမပေးရပါ။
  • Gonococcal Conjunctivitis ဂနိုးပိုးကြောင့်မျက်စိနာခြင်း၊ = Ceftriaxone 1 Gm IM + Erythromycin or Bacitracin E/o; Chalamydial (Trachoma) = Tetracycline/Erythromycin 250 mg QID Orally or Doxycycline 100 mg BD x 3-5 weeks or Azythromycin 20 mg/kg stat + Surgery for Entropion မျက်တောင်မွှေးစိုက်ခြင်းအတွက် ခွဲစိတ်ရန်လိုမယ်။
  • Viral Conjunctivitis ဗိုင်းရပ်စ်ကြောင့် မျက်စိနာခြင်း၊ = Sulfonamide + Prednisolone 0.125% QID မျက်စဉ်းခပ်ပါ။