သံလွင်ဆီမှာ ဗီတာမင်တွေ၊ Macronutrients တွေနဲ့ Fatty အက်ဆစ်တွေ အများကြီးပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထူးအထောက်အကူပြုပါတယ်။

အူမကြီး ကျန်းမာရေးအတွက် ကောင်းမွန်

သံလွင်ဆီ အူမကြီးထဲမှာရှိတဲ့ ဆဲလ်တွေ ပျက်စီးပြီး ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ အူမကြီးရဲ့ စွမ်းဆောင်မှုကို ထောက်ပံ့ပေးပြီး ဝမ်းချုပ်တာကို သက်သာပျောက်ကင်းစေပါတယ်။

အရေပြား၊ ဆံပင်၊ လက်သည်းနဲ့ အရိုးကျန်းမာရေးကို ထောက်ပံ့ပေး

သံလွင်ဆီက အရေပြား၊ လက်သည်း နဲ့ ဆံပင်ကျန်းမာရေးအတွက် ကောင်းပါတယ်။ လက်သည်းနဲ့ ဆံပင် ကြီးထွားမှုကို ထောက်ပံ့ပေးသလို နူးညံ့ပျော့ပြောင်းစေပါတယ်။ အာဟာရကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။

သံလွင်ဆီကို အရေပြား သို့မဟုတ် ဆံသား တို့အပေါ်မှာ သုတ်လိမ်းပေးရင်ပိုကောင်းပါတယ်။

အသည်းကို သန့်စင်ပေး

သဘာဝအတိုင်း သင့်အသည်းကိုသန့်စင်ပေးမယ့် အစားအစာ ၅ မျိုး

အသည်းက ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်ပါတယ်။ အသည်းက ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပါတယ်။

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို သံပုရာသီး ၁လုံးရဲ့ ၃ ပုံ၁ပုံနဲ့ ဖန်ခွက်ထဲမှာရောပြီး သောက်ပါ။

ကိုယ်အလေးချိန် လျော့ကျစေဖို့

သံလွင်ဆီမှာ Fatty အက်ဆစ်တွေအများကြီးပါဝင်တာကြောင့် ဗိုက်ပြည့်သလို ခံစားနေရမှာပါ။ ထောပတ်ဆီ ကို သံလွင်ဆီနဲ့အစားထိုးပြီး အသုံးပြုရင် ကိုယ်အလေးချိန်ကို ကျစေမှာပါ။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေး

သံလွင်ဆီမှာပါဝင်တဲ့ Fatty အက်ဆစ်က ကိုယ်ခံအားစနစ်ကို မြှင့်တင် ထိန်းညှိပေးပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်

ကိုလက်စထရောက ၂ မျိုးရှိပါတယ်။ LDL ဆိုတဲ့ မကောင်းတဲ့ ကိုလက်စထရောရယ်၊ HDL ဆိုတဲ့ ကောင်းတဲ့ ကိုလက်စထရောရယ်ဖြစ်ပါတယ်။ HDL ကိုမြှင့်တင်ဖို့ဆိုရင် အခွံမာအသီးများ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ သံလွင်ဆီတို့ စားသုံးသင့်ပါတယ်။

ဦးနှောက်ကို ကာကွယ်ပေးဖို့

သံလွင်ဆီက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးပါတယ်။ အယ်ဇိုင်းမားရောဂါ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ မှတ်ဉာဏ်ကို ကောင်းမွန်စေပြီး စိတ်ဓာတ်ကျမှုကို လျော့ချပေးပါတယ်။