ရုံးထိုင်တဲ့ အလုပ်တွေလုပ်နေတာ ၁နှစ်၊ ၂နှစ်လောက်ကြာလာရင် ကိုယ်အလေးချိန် သိသိသာသာ တက်လာတာကို ခံစားဖူးကြမှာပါ။ ကိုယ်အလေးချိန်တက်လာရတဲ့ အကြောင်းအရင်းလေးတွေကို ဝေမျှချင်ပါတယ်။

  • ဗိုက်ပြည့်နေပေမယ့် ထပ်စားနေခြင်း

တချို့ဆို အလုပ်စားပွဲမှာ အသင့်စား အစားအစာတွေ (Snack Food) တွေထည့်ထားတတ်ပါတယ်။ နေ့လည် ၁၂ နာရီမှာ နေ့လည်စာစားပြီးပေမယ့် ၁ နာရီကျော်လောက်မှာ Snack Food တွေထပ်စားနေမိတတ်ပါတယ်။

တခါတရံ ဆွဲဆောင်မှုရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဗိုက်မဆာတတ်ပေမယ့် ကော်ဖီသောက်ရင်း မုန့်စားနေမိပါတယ်။

လုပ်ဖော်ကိုက်ဖက်တွေ အပြင်ကနေအပြန် ဝယ်လာတဲ့ မုန့်တွေကို ဝိုင်းဝန်းစားသောက်ရတာ ပျော်စရာဖြစ်သလို ကိုယ်အလေးချိန်လည်း တက်စေပါတယ်။

15635460-6401160-2-0-1503319125-1503319129-650-1-1503319129-650-9eedc0820c-1503404778

  • အစားအစာတွေပိုစားဖြစ်

အလုပ်တွေပင်ပန်း၊ စိတ်တွေရှုပ်ရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ ပိုစားမိပါတယ်။

15635510-6401810-3-0-1503319142-1503319145-650-1-1503319145-650-5b9f62a4d1-1503404778

  • အလင်းရောင် အနေအထားနဲ့ အခန်းအပူချိန်

ရုံးခန်းထဲမှာ အဲကွန်းအေးအေးလေးနဲ့ အလင်းရောင် မှိန်မှိန်ပြပြ အနေအထားလေးက စားချင်စိတ်ကို ပိုဖြစ်စေပါတယ်။

15635560-6401910-4-0-1503319164-1503319165-650-1-1503319165-650-f22a50087a-1503404778

  • အလုပ်ချိန်ကြာမြင့်ခြင်း

တစ်နေ့ ၈ နာရီထက်ပိုပြီး အလုပ်လုပ်ရရင် အားကစားလုပ်ဖို့ အချိန်ပေးနိုင်ဖို့ ခက်ခဲပါတယ်။ ညအိပ်ချိန်နည်းရင်လည်း အစားအစားချင်စိတ်ကို ထိန်းနိုင်တဲ့ ဓာတ်တွေ ထုတ်လုပ်နိုင်မှုနည်းကာ ဗိုက်ပိုဆာ တတ်ပါတယ်။

ဒါကြောင့် အားကစားအတွက် သပ်သပ် အချိန်မပေးနိုင်ရင် ရုံးမှာ ဓာတ်လှေကားမသုံးဘဲ လှေကားကို လမ်းလျှောက်အတက်အဆင်းလုပ်တာ တက်စီမစီးဘဲ ဘတ်စ်ကားစီး ဒါမှမဟုတ် လမ်းလျှောက်ပြန်တာတို့လုပ်ဆောင်ပေးသင့်ပါတယ်။

15635610-6402010-5-0-1503319182-1503319183-650-1-1503319183-650-52e74c5f56-1503404778

  • အလုပ်အတွက် ပေးထားတဲ့ အချိန် မလုံလောက်တာ

အလုပ်တွေကို ဘယ်အချိန်မှာပြီးရမယ်ဆိုပြီး သတ်မှတ်ထားပေမယ့် တကယ်တမ်း အလုပ်လုပ်ရင်ကြာမယ့်အချိန်က ၁၄ ရက်ဆိုရင် ၆ ရက်တည်းနဲ့ပြီးအောင် လုပ်ခိုင်းတာမျိုးတွေ ရှိတတ်ပါတယ်။

အဲ့လိုအချိန်မျိုးဆိုရင် စိတ်ဖိစီးမှုတွေ ခံစားရပါတယ်။ ဒါကလည်း ကိုယ်အလေးချိန်တက်ရခြင်းရဲ့အကြောင်းအရင်းဖြစ်ပါတယ်။