အုပ်ထိန်းသူမိဘများအနေနဲ့ မိမိရင်သွေးငယ်လေးတွေ အစာစားချင်စိတ် တဖြည်းဖြည်းလျော့နည်းသွားတာကို သတိထားနိုင်ဖို့ဟာ အလွန်ခက်ခဲ လှပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေအားရပါးရအစာစားတာကို လိုလားကြပေမယ့်လည်း သူတို့ကြိုက်နှစ်သက်တဲ့အစားအသောက်တွေကိုတောင် စားသုံးဖို့ ငြင်းဆန်လာပြီဆိုရင်တော့ စိတ်ပူစရာဖြစ်လာပါပြီ။

ဒီလိုဖြစ်လာရင်တော့ ကလေးတွေမှာ တစ်ခုခုမှားနေပြီဆိုတာကို သတိထားရမှာဖြစ်ပြီး သူတို့လေးတွေရဲ့ကျန်းမာရေးကိုပါ သက်ရောက်လာ နိုင်ပါတယ်။ သင့်ရဲ့ကလေးဟာ အစာစားဖို့ကို အကြောက်အကန်ငြင်းဆန်နေပြီဆိုရင်တော့ ဒီပြဿနာကို ဘယ်လိုကိုင်တွယ်နိုင်မလဲ သိရအောင် အကြောင်းအရင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဝမ်းချုပ်ခြင်း

ကလေးတွေအစာစားချင်စိတ်မရှိရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ဝမ်းချုပ်ခြင်းလဲပါနေပါတယ်။ ဝမ်းချုပ်တာက အူပုံမှန်အလုပ်လုပ်တာကို တားဆီးပေးပြီး တနေ့လုံးပြည့်အင့်မှုကို ဖြစ်နေစေပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် လေလည်သည်အထိ ကလေးရဲ့ဗိုက်ကို ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။

ဒါမှမဟုတ် ရေသောက်သုံးမှုကိုလျှော့ချလိုက်ပြီး ဝမ်းချုပ်စေတတ်တဲ့ ဆန်၊ ငှက်ပျောသီး၊ မုန်လာဥနီတို့ ကျွေးတာကိုလည်း ရပ်တန့်လိုက်ပါ။

အစားအသောက်မရွေးချယ်တတ်ခြင်း

ကလေးတွေဟာ အစားအသောက်ချေးများတတ်ပြီး သူတို့စိတ်ဝင်စားမယ့်အရာတစ်ခုခုမပါရင်တော့ အစာစားဖို့ကိုငြင်းဆန်လာပါလိမ့်မယ်။ ကျန်းမာရေးနဲ့လည်းညီညွတ်မယ်၊ သူတို့လေးတွေလည်းကြိုက်တဲ့ဟာဆိုရင်တော့ လိုလိုလားလားစားသုံးလာပါလိမ့်မယ်။ ဒါကြောင့် သူတို့ဘာစားချင်လဲဆိုတာကို မေးပြီး ချက်ပြုတ်ကျွေးပါ။

စိတ်ဖိစီးမှုတွေ

မိမိကိုယ်တိုင်ပင် ငွေရေးကြေးရေး၊ မိသားစုပြဿနာတွေ စုပုံလာတဲ့အခါ အစာစားချင်စိတ်မရှိတာခံစားကြဖူးမှာပါ။ ကလေးတွေလည်း ထိုနည်းတူပင် ကိစ္စတစ်ခုခုကြောင့် စိတ်ရှုပ်နေတယ်ဆိုလျှင်တော့ သူတို့ကြိုက်လွန်တဲ့ အစားအသောက်တွေကိုပင် စားချင်စိတ်ရှိတော့မှာမဟုတ်ပါဘူး။

အစာစားချိန်မမှန်တာတွေ

ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့ အစာစားချိန်မှန်ကနု်ဖို့ အလွန်အရေးကြီးပါတယ်။ ကလေးတွေဗိုက်ဆာတဲ့အချိန်မှာ အစာမကျွေးဖြစ်ပဲ နောက်ကျမှထကျွေးမယ်ဆိုရင် ကလေးတွေအစာစားချင်စိတ်ပျောက်သွားနိုင်ပါတယ်။ သူတို့ကြိုက်တဲ့အစားအစာကို ကျွေးတာတောင်မှ လှည့်ကြည့်တော့မှာ မဟုတ်ပါဘူး။